မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) ဥက္ကဌရာထူးနေရာအတွက် အပြောင်းအလဲရှိ
ဇွန်လ (၉)ရက်။
Myanmar Property Dealer
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းစတင်တည်ထောင်ချိန်မှစတင်ပြီးယခုချိန်အထိ (၁၁)နှစ်တိုင်တိုင် ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေသူအား အသင်းကြီးရဲ့ဗဟိုCEC/ECတို့ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ တာဝန်မှ ရပ်ဆိုင်း ပြီး၊ဥက္ကဌအသစ် ပြန်လည်ခန့်အပ်ဖို့ရှိနေတယ်လို့UMFCCI ခန်းမမှာကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်း အထူးအစည်းအဝေးကနေသိရပါတယ်။
အဆိုပါ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ၂၀၂၃-၂၀၂၆ခုနှစ် အထူးအစည်းအဝေး ပွဲကိုတိုင်း နဲ့ပြည်နယ်အသီးသီးမှ တက်ရောက် လာကြတဲ့ အသင်းသား (၃၀၀)နီးပါနဲ့အတူ ပြုလုပ်ခဲ့တာဖြစ်ပြီး ဥက္ကဌအသစ်ပြန်လည်ရွေးချယ်တင်မြောက်ရာတွင်လည်း လျှို့ဝှက်မဲပေးစနစ်နဲ့ ဗဟိုမှရွေးချယ်သွား မှာဖြစ် တယ်လို့သိ ရပါတယ်။
မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းဗဟိုမှ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများဖြစ်တဲ့ အပိုဒ်(၃၅)အရ ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ အလုပ်အမှုဆောင်ကော်မတီတို့ရဲ့ သက်တမ်းကာလကို (၃)နှစ် သတ်မှတ်ထား တာကြောင့် လည်းကောင်း၊ အပိုဒ်(၃၆)အရ အသင်းဥက္ကဌရဲ့ သက်တမ်းဟာ တစ်ဆက်တည်း (၂)ကြိမ် (စုစုပေါင်း ၆နှစ်) အထိသာ ပြဌာန်းသတ်မှတ်ချက်တို့ကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဗဟိုရဲ့ CEC/ECတို့ရဲ့ ဆုံးဖြတ်ချက်နဲ့အတူလက်ရှိ အသင်းဥက္ကဌအား တာဝန်မှ ရပ်ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့လည်း နိုင်ငံတော်ပိုင်သတင်းစာများမှ ထုတ်ပြန်ကြေညာချက် အရသိရှိရပါတယ်။