Home  / News  / News Details

新闻详情

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် မြို့တော်အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ ဖွဲ့စည်း

Nov 4, 2025  /

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် မြို့တော်အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ ဖွဲ့စည်း

နိုဝင်ဘာ (၄)ရက်။

Myanmar Property Dealer



ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်း တည်ဆောက်ရန်အတွက် ဦးဆောင်ကော်မတီဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။


စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဌအဖြစ် ဆောက်လုပ်ရေးဝန်ကြီး၊ အဖွဲ့ဝင်များအနေဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ပို့ဆောင်/ဆက်သွယ် ဒုတိယဝန်ကြီး၊ ဘဏ္ဍာ/အခွန် ဒုတိယဝန်ကြီး နှင့် လျှပ်စစ်စွမ်းအား ဒုတိယဝန်ကြီး၊ အတွင်းရေးမှူးအဖြစ်  ဆောက်လုပ်ရေး ဒုတိယဝန်ကြီးက တာဝန်ယူသွားမှာလို့လည်းဆိုပါတယ်။


ဦးဆောင်ကော်မတီအနေဖြင့် ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းတို့ ဆက်စပ်ပြီး လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အကျိုးရှိ ထိရောက်စေမဲ့ အမြန်လမ်းများရဲ့ လမ်းအူကြောင်းများကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။


ဒါ့ပြင် စီမံကိန်းတစ်လျှောက် ပေါ်ထွက်လာမဲ့ စက်မှုဇုန်များ၊ Logistic Hubs၊ Dry Ports၊ ဆိပ်ကမ်းများနှင့် အခြေပြုမြို့သစ်များ ဖွံ့ဖြိုးလာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အကြား ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။


ရင်းနှီးမြှုပ်နှံမှုများကို ဘတ်ဂျက်အသုံးပြုမှုအနည်းဆုံးကို အခြေပြုပြီး PPP စနစ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ထုတ်ပြန်ထားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။