Home  / News  / News Details

新闻详情

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒို မြေကွက်နဲ့ ပိုင်ဆိုင်ခွင့်တွေ လေလံတင်မည်

Oct 27, 2026  /

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒို မြေကွက်နဲ့ ပိုင်ဆိုင်ခွင့်တွေ လေလံတင်မည်

အောက်တိုဘာ (၂၇)ရက်။

Myanmar Property Dealer

 

မန္တလေးငလျင်ကြီးကြောင့် ပြိုကျခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ မြေကွက်နဲ့ ပိုင်ဆိုင်ခွင့်တွေကို လာမယ့် နိုဝင်ဘာလအတွင်း လေလံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြချက်အရ အဆိုပါမြေကွက်တွေဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားမှာ တည်ရှိတာဖြစ်ပါတယ်။

ဒီလေလံရောင်းချမှုကို မြေပိုင်ရှင် ဦးနိုင်ထွန်းလင်း၊ ဇနီးဖြစ်သူ ဒေါ်သက်သက်ခိုင်နဲ့ ကွန်ဒိုတိုက်ခန်းပိုင်ရှင်တွေကြား ညှိနှိုင်းသဘောတူညီချက်အရ ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေကွက်တွေနဲ့ပတ်သက်ပြီး အကျိုးသက်ဆိုင်ခွင့်ရှိသူတွေအနေနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းမူရင်းတွေနဲ့အတူ ကြေညာတဲ့နေ့ကစပြီး ခုနစ်ရက်အတွင်း လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

Sky Villa ကွန်ဒိုဟာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပြိုကျခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာ ကွန်ဒိုပိုင်ရှင် ဦးနိုင်ထွန်းလင်းကို တရားစွဲဆိုခဲ့ကာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။