Home  / News  / News Details

新闻详情

အောင်မြင့်မိုရ်အိမ်ရာ နှင့် သီလဝါအိမ်ရာ လျှောက်ထားသူများ မေလ(၉)ရက်နေ့ အိမ်ခန်းမဲနှိုက်ပေးမည်။

May 5, 2023  /

အောင်မြင့်မိုရ်အိမ်ရာ နှင့် သီလဝါအိမ်ရာ လျှောက်ထားသူများ မေလ(၉)ရက်နေ့ အိမ်ခန်းမဲနှိုက်ပေးမည်။

 မေလ()ရက်။

Myanmar Property Dealer

 

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာ နှင့် သန်လျင် ၊ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာ စီမံကိန်းအတွင်းမှာဆောက်လုပ်ထားရှိတဲ့  အိမ်ခန်းများဝယ်ယူရန်စာရင်းပေးသွင်းထားသူများအားလုံးကို အိမ်ခန်းဝယ်ယူခွင့်ရရှိသူများအဖြစ်သတ်မှတ်ပြီးအခန်းမဲနှိုက်ပေးခြင်းကို မေလ (၉)ရက်နေ့ နံနက် (၁၀)နာရီတွင်ဗိုလ်ချုပ်လမ်းရှိမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

 အဆိုပါတန်ဖိုးသင့်၊တန်ဖိုးနည်းအိမ်ရာများကို  ဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် CHID Bank တွင် အိမ်ရာစုဆောင်းငွေ သိန်း၃၀နှင့်အထက်ရှိရမှာ ဖြစ်ပြီး ၊ယခုနှစ် ဇန်နဝါရီလအတွင်း စာရင်းကောက်ခံတာဖြစ်ပြီး၊ဝယ်ယူရန်စာရင်းပေးသွင်းထားသူဦးရေမှာ

၇၁၃ ဦးရေရှိတယ်လို့လည်းသိရပါတယ်။

အိမ်ခန်းမဲနှိုက်ပေးခြင်းအစီအစဉ်ကိုတက်ရောက်လိုပါကအိမ်ခန်းဝယ်ယူရန်လျှောက်ထားသူများစာရင်းတွင်ပါဝင်သူများသာတက်ရောက်ရမှာဖြစ်ပြီး ‘’DUHD Sale Housing Facebook Page’’ Messenger ယနေ့ (မေလ-၅)ရက်နေ့ ရုံးချိန်းအတွင်းစာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

 

#ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန

#တောင်ဒဂုံမြို့နယ် အောင်မြင့်မိုရ်အိမ်ရာ

#သန်လျင် သီလဝါအိမ်ရာ

#မဲနှိုက်ပေးမယ်