မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် အရာထမ်း၊ အမှုထမ်းများအတွက် ဝန်ထမ်းအိမ်ရာ စုစုပေါင်း ၄၉၈
ခန်း
တည်ဆောက်လျက်ရှိ
မေလ
(၂၉)
Myanmar Property Dealer
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် အရာထမ်း၊ အမှုထမ်းများအတွက် ဝန်ထမ်းအိမ်ရာ စုစုပေါင်း ၄၉၈
ခန်း
တည်ဆောက်လျက်ရှိပြီး ငလျင်ဒဏ်ခံနိုင်တဲ့ အခြေခံအဆောက်အအုံများ တိုးမြှင့်ဖော်ဆောင်နေတယ်လို့သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည်ပြီးခဲ့တဲ့ မေ ၂၃ ရက်တွင် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို သွားရောက်စစ်ဆေးခဲ့တယ်လို့လည်းသိရပါတယ်။
မန္တလေးတိုင်းဒေသကြီးတွင် ဝန်ထမ်းအိမ်ရာ ၂၆
လုံး၊
အခန်းပေါင်း ၃၈၆
ခန်း
တည်ဆောက်နေပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ဝန်ထမ်းအိမ်ရာ ၇
လုံး၊
အခန်းပေါင်း ၁၁၂
ခန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ဒုတိယဝန်ကြီးက အိမ်ရာများကို သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးစေရန်၊ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၏ စံချိန်စံညွှန်းပြည့်မီမှုကို အနီးကပ်ကြီးကြပ်စစ်ဆေးရန် ညွှန်ကြားခဲ့ပါတယ်။
အဆိုပါခရီးစဉ်အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ အနီရောင်အဆင့်နှင့် လိမ္မော်ရောင်အဆင့် ဝန်ထမ်းအိမ်ရာများ၏ ပြင်ဆင်ပြီးစီးမှုနှင့် ဝန်ထမ်းနေရာချထားမှုအခြေအနေများကိုလည်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရပါတယ်။