Home  / News  / News Details

新闻详情

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ရေးလုပ်ငန်း ၄၀ ရာခိုင်နှုန်းခန့် ပြီးစီး

Sep 15, 2026  /

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ရေးလုပ်ငန်း ၄၀ ရာခိုင်နှုန်းခန့် ပြီးစီး

စက်တင်ဘာလ ၁၅ ရက်

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ တွံတေးမြို့နယ်အတွင်းရှိ ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။

အဲဒီတံတားဟာ အရှည်ပေ ,၄၂၈ ပေရှိပြီး လက်ရှိမှာတော့ တံတားတစ်စင်းလုံးရဲ့ ၄၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါတယ်။

တံတားကို သတ်မှတ်ထားတဲ့ကာလအတွင်း စံချိန်စံညွှန်းနဲ့အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က လိုအပ်တာတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမယ့် ဒီတံတားကို လမ်းဦးစီးဌာနနဲ့ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ တို့က တည်ဆောက်နေကြတာဖြစ်ပါတယ်။

တံတားတည်ဆောက်ပြီးစီးသွားတဲ့အခါ ဒေသခံပြည်သူတွေအနေနဲ့ ရန်ကုန်မြို့တွင်းကို အချိန်တိုအတွင်း လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် သွားလာနိုင်မှာဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ၁၅ မိနစ်ခန့်အတွင်း ရောက်ရှိနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီတံတားဟာ ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်တည်ဆောက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။