Home  / News  / News Details

新闻详情

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်ရှိ စိုက်ပျိုးမြေဧက ၂၄၀ ဧကနှင့် ဘုရင့်နောင်ကားဝင်းအတွင်းရှိ မြေဧက သုည ဒသမ ၉၆၇ ဧက ကို တင်ဒါစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်

Sep 10, 2024  /

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်ရှိ စိုက်ပျိုးမြေဧက ၂၄၀ ဧကနှင့် ဘုရင့်နောင်ကားဝင်းအတွင်းရှိ မြေဧက သုည ဒသမ ၉၆၇ ဧက ကို တင်ဒါစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်

စက်တင်ဘာလ(၁၀)ရက်။

Myanmar Property Dealer

 

စိုက်ပျိုးမြေများအား တင်ဒါစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ပြုပေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မယ့် တောင်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမြေများကို တင်ဒါစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့သိရတာပါ ။

" အခုကတော့ တင်ဒါခေါ်ယူဖို့ပြင်နေတယ်။ တင်ဒါလျှောက်လွှာဝယ်ယူရမယ့်နေ့နဲ့ တင်သွင်းရမယ့်ရက်ကို နိုင်ငံပိုင်သတင်းစာကနေတဆင့်ကြေညာပေးမယ်။ ဒီနှစ်ထဲမှာတော့အကောင်အထည်ဖော်မှာပါ"ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောတာပါ။

အဆိုပါဆောင်ရွက်နေမှုများအရ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ မွေးမြူရေး၊ကုသရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့အနေဖြင့် စိုက်ပျိုးသူတောင်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိလာစေရေးနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဌာန၏စီမံကွပ်ကဲမှုအောက်တွင်ရှိနေသည့် မြေများကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား စိုက်ပျိုးမြေများငှားရမ်းလုပ် ကိုင်ခွင့်ပြုမှာဖြစ်တယ်လို့သိရတာပါ။

ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးမယ့် စိုက်ပျိုးမြေများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်ရှိ ဘန်းယဉ်မျိုးသန့်ခြံမှ စိုက်ပျိုးမြေဧက ၂၄၀ ဧကနှင့် ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ် ၊ဘုရင့်နောင်ကားဝင်းအတွင်းရှိ မြေဧက သုည ဒသမ ၉၆၇ ဧကတို့ဖြစ်ကြောင်း သိရပါတယ်။

 

မြေဧကများငှားရမ်းလိုသူများကို စိုက်ပျိုးရေးနှင့်သက်ဆိုင်တဲ့ လုပ်ငန်းများ၊စီမံလုပ်ကိုင်ဆောင်ရွက်လိုကြတဲ့မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ တင်ဒါစည်းမျဉ်းများနှင့်အညီ လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။