သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါကအထပ်မြင့်အဆောက်အအုံတွေကပိုပြီးလုံခြုံမှုရှိတယ်ဟုဆို။
မေလ (၂၀ )ရက်။
Myanmar Property Dealer
ရာသီဥတု၊သဘာဝဘေးအန္တရာယ်ကြုံတွေ့လာခဲ့ပါကသာမန်အဆောက်အအုံတွေထက်အထပ်မြင့်အဆောက်အအုံတွေကပိုပြီးလုံခြုံမှုရှိတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှသိရပါတယ်။
‘’ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းလုပ်တဲ့အခါမှာအထပ်မြင့်လေ၊အဆောက်အဦကပိုပြီးတော့စိတ်ချရလေပဲ။ဘာကြောင့်လည်းဆိုရင်အထပ်မြင့်ဆောက်တော့မယ်ဆိုရင်၊ကြီးကြပ်တဲ့ကော်မတီအများကြီးကိုဖြတ်ရတယ်။အများကြီးရဲ့စစ်ဆေးမှုတွေခံရတယ်။ကိုယ့်ကုမ္ပဏီထဲမှာလည်းအင်ဂျင်နီယာအဖွဲ့ကစစ်ဆေးတယ်။ အထပ်မြင့်ကြီးကြပ်ရေးကော်မတီကလည်းလာစစ်တယ်။နောက်ပြီးတော့ တတိယအဖွဲ့အစည်းတစ်ခုကိုလည်းသီးသန့်ငှားပြီးတော့စစ်ဆေးခိုင်းရတယ်။ဒီတော့အထပ်မြင့်အဆောက်အအုံတွေဆောက်မယ်ဆိုရင်ဒီလိုစစ်ဆေးတဲ့အဖွဲ့တွေက၃ဖွဲ့လောက်ရှိနေရတယ်။ဒါကြောင့်အထပ်မြင့်လေ ခံနိုင်ရည်အားပိုပြီးSave ဖြစ်တယ်’’ဟုဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
အဆိုပါသက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့များက အထပ်မြင့်ဆောက်မယ့်လုပ်ငန်းခွင်အတွင်းအသုံးပြုပစ္စည်းများကိုစစ်ဆေးခြင်း၊အောက်ခံဖောင်ဒေးရှင်းများကိုစစ်ဆေးခြင်း၊မြေငလျှင်ဒဏ်နှင့်လေတိုက်နှုန်းခံနိုင်ဝန်အားများကိုလည်းစစ်ဆေးခံရတယ်ဟုလည်းသိရပါတယ်။