Home  / News  / News Details

新闻详情

အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ပါက အရေးယူခံရနိုင်

Jul 22, 2026  /

အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ပါက အရေးယူခံရနိုင်

ဇူလိုင်(၂၁)

Myanmar Property Dealer

မြန်မာနိုင်ငံရဲ့ လက်ရှိဥပဒေ ပြဋ္ဌာန်းချက်များအရ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းသည် သတ်မှတ်ထား တဲ့လုပ်ငန်း အမျိုးအစားထဲတွင် ပါဝင်နေပြီး၊ သက်ဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်ထံ ကြိုတင်တင်ပြခြင်း မရှိဘဲ လုပ်ငန်းဆောင်ရွက်ခွင့် မရှိကြောင်း သိရပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို ၂၀၂၆ ခုနှစ် ၊ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (ဆ)တွင်  အကျုံးဝင်သော လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး၊ ပုဒ်မ ၅၂ အရ မည်သူမဆို ကြီးကြပ်ရေးအာဏာပိုင်ထံ ကြိုတင်တင်ပြခြင်း မရှိဘဲ ဤလုပ်ငန်းကို ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားရှိပါတယ်။

ဒါ့အပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို လိုင်စင်မရှိဘဲ (သို့မဟုတ်) သက်ဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်ထံ သတင်းပို့ခြင်းမရှိဘဲ လုပ်ကိုင်တဲ့အခါမှာ ပုဒ်မ ၅၇ ပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ လုပ်ငန်းလုပ်ကိုင်သူများသည် ကြီးကြပ်ရေးအာဏာပိုင်ထံ သတင်းပို့ရန် (လိုင်စင်ယူရန်) ဆိုသည့်အချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ပုဒ်မ ၆၂ နှင့် ၆၃(က) တို့အရ ထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ကျပ်သန်းသုံးရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေအရေးယူခြင်းခံရမည်ဟုပါရှိပါတယ်။

 အဆိုပါ အိမ်ခြံမြေဥပဒေများနှင့်ပတ်သက်ပြီး‘’ဘယ်လိုပြောရမလဲ ကျွန်တော်တို့ဆီမှာအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းကို လက်ရှိအချိန်ထိ ရိုးရာနည်းလမ်း အတိုင်းသာ လုပ်ကိုင်နေကြဆဲဖြစ်နေတယ်၊ ဥပဒေကြောင်းအရ စနစ်တကျသွားတဲ့ ဥပဒေစနစ် အတွင်းသို့ အပြည့်အဝ မရောက်ရှိသေးဘူးဖြစ်နေတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ  အသိအမှတ်ပြုလက်မှတ် တွေထုတ်ပေးနေတယ်။ အကျိုးဆောင်အတော်များများက ဒီလက်မှတ်ကို ယူရမှန်း မသိကြသေးဘူး ‘’ဟုလည်း ဇလပ်ပွင့်ကုမ္ပဏီလီမီတက်မှ မန်းနေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်အောင်ကပြောပါတယ်။

အိမ်ခြံမြေအကျိုးဆောင်များအတွက် လိုင်စင်စနစ်တစ်ခု ပေါ်ပေါက်လာရန် ၂၀၁၂ ခုနှစ်မှစတင်ပြီး (၁၀) နှစ်ကျော်ကြာ ခက်ခဲစွာ ကြိုးပမ်းခဲ့ရခြင်းဖြစ်ပြီး၊လက်ရှိတွင် အိမ်ခြံမြေအသင်းဝင် အင်အား တစ်သောင်းခန့် ရှိတဲ့အနက် အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်ရယူထားသူမှာ ၅၀ %  ဝန်းကျင်ခန့်သာ ရှိနေတယ်လို့လည်းသိရပါတယ်။