ချေးငွေယူပြီး အိမ်ဝယ်တဲ့အခါ အများအားဖြင့် အခွန် ၂ နှစ်ဆောင်ထားပြီးသားဖြစ်ဖို့လိုပါတယ်။ အဲဒီ ၂ နှစ်ဟာ W2 ဆို W2 ပဲဖြစ်ရမယ်။ 1099 ဆို 1099 ပဲဖြစ်ရမယ်။ ကဲ့... W2 ဆိုတာကုမ္ပဏီမှာ လုပ်တဲ့သူ နှစ်ကုန်ရင်ရတဲ့ စာရွက်ပါ။ Independent Contractor တွေက 1099 ရပါတယ်။ (ဥပမာ... Sushi သမား၊ Uber သမား၊ အိမ်ပြင်သမား၊ realtor စသည်ဖြင့်)။
ပြီးတော့ အတက်နိုင်ဆုံး ကုမ္ပဏီတစ်ခုတည်းမှာပဲ ၂နှစ်ပြည့်အောင် အောင့်အည်းသည်းခံပြီးလုပ်ပေးပါ။ အိမ်ဝယ်ပြီးမှ ကြိုက်တဲ့အလုပ်ပြောင်းလုပ်လို့ရတယ်။ Tax return ၂ ခုတောင်းတယ်ဆိုတာလည်း နောက်ဆုံးနှစ်၂ခုပဲတောင်းတာပါ (ဥပမာ 2022 နဲ့ 2023)။
ဥပမာပြောပြမယ်။ 2022 မတိုင်ခင်မှာ ၁၅ နှစ်လောက် သိန်းချီဝင်ငွေရှိတဲ့အလုပ်လုပ်ခဲ့ပေမဲ့ 2023 မှာအလုပ်မရှိရင် အိမ်ဝယ်ဖို့ mortgage ယူလို့မရပါဘူး။
ပြီးတော့ ၂၀၂၂ မှာ ဝန်ထမ်းအဖြစ် ကုမ္ပဏီတစ်ခုမှာလုပ်ခဲ့တယ် (W2)။ ဒါပေမဲ့ ၂၀၂၃ မှာ ဆူရှီပြောင်းလုပ်တယ် (1099) ဝင်ငွေ ၃ဆလောက်ပိုရတယ် ဆိုရင်တောင် အဆင်မပြေပါဘူး။ အကုန်ချေရင်ချေ မချေနိုင်ပဲ lender ဆီကငွေချေးဝယ်မယ်ဆိုရင် သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းသွားရပါလိမ့်မယ်။ တခြားနည်းလမ်းမရှိပါဘူး။
တချို့က အမေရိကရောက်တာ ၁၀ နှစ်ကျော်ပြီး အလုပ်သက်တမ်း ၁၀ နှစ်ကျော်ပေမဲ့ အိမ်ဝယ်လို့ မရတဲ့သူရှိတယ်။ တချို့ကျတော့ အမေရိကရောက်တာ ၂ နှစ်ကျော်ပဲရှိသေးတယ် အိမ်ဝယ်နေပြီ။ အမေရိကရောက်သက်တမ်းကြာတာ မကြာတာ နဲ့မဆိုင်ပဲ စနစ်ကို သိတဲ့သူကဖော်စားသွားတာပါ။ အနစ် ၃၀ ကြာလည်း မသိတဲ့သူကခံရမှာပဲ။
Tax return၂နှစ်အခွန်ဆောင်ရုံနဲ့ ကြိုက်တဲ့အိမ်ဝယ်လို့ရပြီလို့လည်းမဆိုလိုပါ။ ၂ နှစ်စာ tax return ဆိုတာအနည်းဆုံးလိုအပ်ချက်သာဖြစ်ပါတယ်။ ဝင်ငွေနဲ့ထွက်ငွေအပေါ်မူတည်ပြီး အကန့်အသတ်နဲ့ အကြွေးယူလို့ရတာပါ။ ဝင်ငွေများလေ များများချေးလို့ရလေပေါ့။ တွက်နည်းကိုနောက်မှ သီးသန့် post တင်ပေးပါမယ်။
ဒါကြောင့် အနာဂတ်မှာ အိမ်ဝယ်ဖို့အစီအစဉ်ရှိတယ်ဆိုရင်အနည်းဆုံး ၂ နှစ်လောက်ကတည်းကကြိုတင်ပြင်ဆင်ပါ။ Realtor တွေနဲ့တိုင်ပင်ပါ။ အထူးသဖြင့် loan officer တွေနဲ့တိုင်ပင်ပါ။ ဒီလို အချက်အလက်တွေကို အင်တာနတ်မှာ ကိုယ့်ဘာသာကိုယ် ရှာဖတ်လို့ရသလို ဒီနယ်ပယ်မှာ ကျင်လည်တဲ့သူတွေကိုမေးလို့ရပါတယ်။ ငွေကြေးပေးစရာမလိုပဲ အခမဲ့ မေးမြန်းလို့ရပါတယ်။ ငွေကြေးပေးမှ ပြောတဲ့သူတွေကိုရှောင်ပါ။