Home  / News  / News Details

新闻详情

အိမ်ခန်းပေါင်း ၁၀၀၀၀ ပါဝင်သည့်ပြည်သူ့အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်လျက်ရှိ

Oct 28, 2022  /

အိမ်ခန်းပေါင်း ၁၀၀၀၀ ပါဝင်သည့်ပြည်သူ့အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်လျက်ရှိ
Myanmar Property Dealer
အောက်တိုဘာ ၂၈
နေပြည်တော်၊ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ မနေ့က (အောက်တိုဘာ -၂၇)ရက်နေ့တွင် ကျင်းပခဲ့တဲ့မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန(ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် နေပြည်တော်တွင် အိမ်ခန်းပေါင်း ၄၄၈ ခန်း၊ ရန်ကုန်မြို့တွင် အိမ်ခန်းပေါင်း ၃၁၀၄ ခန်းနှင့် မန္တလေးမြို့တွင် အိမ်ခန်းပေါင်း ၁၄၅၆ ခန်းတို့ကို တည်ဆောက်လျက်ရှိပြီး၊၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောတာပါ။
အိမ်ခန်းပေါင်း ၁၀၀၀၀ ပါဝင်သည့် ပြည်သူ့အငှား အိမ်ရာစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပထမအဆင့် အနေဖြင့် အိမ်ခန်း ပေါင်း ၅၀၀၀ ကျော် တည်ဆောက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
“ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့် အရောင်းအိမ်ရာ စီမံကိန်းများအဖြစ် ကျန်စစ်မင်းအိမ်ရာ၊ ရွှေလင်ဗန်းအိမ်ရာ၊ ယုဇနအိမ်ရာ၊ ကနောင်အိမ်ရာ၊ အောင်မြင့်မိုရ်နှင့် သီလဝါဥယျာဉ် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ဆောက်လုပ်ရောင်းချပေးလျက်ရှိပြီး၊ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိရေး၊ သန့်ရှင်းသာယာပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် လူနေထိုင်မှုဘဝရရှိနိုင်ရေးနှင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတကာအဆင့်မီစက်မှုဇုန် စီမံကိန်းများကိုလည်း အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် မင်္ဂလာဒုံစက်မှုဥယျာဉ်စီမံကိန်း၊ ကိုရီးယား - မြန်မာ စက်မှုဇုန်စီမံကိန်း၊ Yangon Amata Smart and Eco City၊ နိုင်ငံတကာအဆင့်မီ ပန်းလှိုင်ဂေါက်ကွင်းနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း’’ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောပါတယ်။
အဆိုပါအစည်းအဝေးတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာများအပြင် ပြည်သူ့အငှားအိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အိမ်ရာများကို ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခန်းပေါင်း ၄၉၂ ခန်း တည်ဆောက်ပြီးစီးမှု၊ မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်နိုင်မှုနှင့် အိမ်ရာလိုအပ်ချက် ဆိုင်ရာများကို လည်းကောင်း၊ ဘဏ္ဍာရန်ပုံငွေ၊ စီမံခန့်ခွဲမှုနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြတယ်လို့လည်းသိရပါတယ်။