Home  / News  / News Details

新闻详情

ငှားလိုအားနဲ့ငှားပေးနိုင်စွမ်းမမျှတတဲ့ ဘားအံအိမ်ခြံမြေစျေးကွက်

Nov 2, 2024  /

ငှားလိုအားနဲ့ငှားပေးနိုင်စွမ်းမမျှတတဲ့ ဘားအံအိမ်ခြံမြေစျေးကွက်

နိုဝင်ဘာလ (၂)ရက်။

Myanmar Property Dealer

 

ကရင်ပြည်နယ်   ဘားအံမြို့မှာ ရွှေ့ပြောင်းနေထိုင်သူများပြားလာတာကြောင့် အငှားစျေးကွက်ပိုမိုမြင့် တက်နေပြီး Supply နဲ့ Demand လုံးဝမညီမျှဘဲ လိုအပ်ချက်တွေအရမ်းများနေတယ်လို့ ကရင်ပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်းထံမှသိရပါတယ်။

‘’ ကျွန်တော်တို့ ဘားအံမှာက ရွေ့ပြောင်းတွေများလာတယ်။အဲ့တော့ငှားပေးနိုင်တဲ့အငှားဈေးကွက်က တော်တော်ကိုရှားသွားတယ်။ပြောင်းရွှေနေထိုင်တဲ့သူတွေများလာတဲ့အခါမှာ ငှားရတာ တဖြည်းဖြည်း နဲ့စျေးကွက်ကလည်းကြပ်လာတယ်။တချို့  ငွေကြေးနည်းနည်းတက်နိုင်တဲ့သူ တွေကတော့ အငှားဘက် ကိုမသွားတော့ဘဲ ဝယ်ပဲဝယ်လိုက်ကြတယ်ပေါ့နော်။ အဲ့လိုအနေထားတွေတော့ရှိနေတယ်။’’ဟုလည်း ဦးပြည့်ဖြိုးဟန် (ဒုဥက္ကဌ  )ကရင်ပြည်နယ်အိမ်ခြံမြေဝန်ဆောင်မှုအသင်းကပြောပါတယ်။

လက်ရှိတွင် ဘားအံမြို့နှင့်အနီးတစ်ဝိုက်ရှိ တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာ၊ လှာကမြင်အိမ်ရာစီမံကိန်းမြေနေရာမှာအရာင်းအဝယ်အဖြစ်များနေတယ်လို့သိရပါတယ်။