Home  / News  / News Details

新闻详情

အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရမည်။

Jan 11, 2025  /

အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရမည်။

 

ဇန်နဝါရီ(၁၃)ရက်။

Myanmar Property Dealer

 

 

အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Grid အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားမှာြဖစ်တယ်လို့ ဇန်နဝါရီ ရက်ကပြုလုပ်တဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် အစည်းအဝေးမှာ သိရပါတယ်။

 

ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ အပါအဝင် ဟိုတယ်များ၊ နေအိမ်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ၏ အဆောက်အဦခေါင်မိုးများ (Rooftop) ပေါ်တွင် တစ်နိုင်တစ်ပိုင်တပ်ဆင်ထားကြတဲ့ ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစား ဆိုလာစနစ်မှ မိမိတို့လုပ်ငန်းအတွက် အသုံးပြုပြီး ပိုလျှံသောဓာတ်အားများကို ဝယ်ယူလိုတယ်လို့လည်း YESC မှ ကြေညာထားရှိပါတယ်။

ဒါ့အပြင် ပြည်သူများ၊ လုပ်ငန်းရှင်များရဲ့ ကိုယ်ပိုင်မြေနေရာများပေါ်တွင် တပ်ဆင်ထားတဲ့ အသေးစားဆိုလာစနစ် မှ ဓာတ်အားများကိုလည်း ပိုလျှံ၍ ရောင်းချလိုပါက ရန်ကုန်ဓာတ်အားဖြန့်ဖြူးမှုကွန်ရက်စနစ်သို့ ချိတ်ဆက် ရောင်းချနိုင်တယ်လို့လည်း  ထုတ်ပြန်ထားရှိပါတယ်။