Home  / News  / News Details

新闻详情

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ဒုတိယ အဆင့်အိမ်ခန်းငှားရမ်းခွင့်ရရှိသူများ အိမ်ခန်းလခ ပေးသွင်းခြင်း နှင့် စာချုပ် ချုပ်ဆိုခြင်းများကို သတ်မှတ်ရက်များအလိုက်ဆောင်ရွက်ပေးမည်

May 16, 2024  /

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ဒုတိယ အဆင့်အိမ်ခန်းငှားရမ်းခွင့်ရရှိသူများ အိမ်ခန်းလခ ပေးသွင်းခြင်း နှင့် စာချုပ် ချုပ်ဆိုခြင်းများကို သတ်မှတ်ရက်များအလိုက်ဆောင်ရွက်ပေးမည်
မေလ(၁၆)ရက်။
Myanmar Property Dealer
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ဒုတိယ အဆင့်အိမ်ခန်းငှားရမ်းခွင့်ရရှိသူများကို အိမ်ခန်းလခ ပေးသွင်းခြင်း နှင့် စာချုပ် ချုပ်ဆိုခြင်းများကို သတ်မှတ်ရက်များအလိုက်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ သိရပါတယ်။
ဒါ့အပြင် သတ်မှတ်ရက်အလိုက် စာချုပ် ချုပ်ဆိုရမယ့်တိုက်အမှတ်များနှင့်အိမ်ခန်းငှားရမ်းခွင့်ရရှိသူများစာရင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးများတွင် အသိပေးကြေညာထားပြီးဖြစ်ပါတယ်။
ယင်းအပြင် သတ်မှတ်ရက်များအလိုက် စာချုပ် ချုပ်ဆိုရမည့်တိုက်အမှတ်များကိုအသိပေးကြေညာထားပြီး သတ်မှတ်ထားတဲ့နေ့ရက်များအတိုင်း အကြောင်းကြားစာပါ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ စာချုပ် ချုပ်ဆိုသွားနိုင်ရန် ထပ်မံ အသိပေးထားရှိပါတယ်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းဆုံအနီးတွင် အကောင် အထည်ဖော် တည်ဆောက်ထားတဲ့သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့် တိုက် ၅၀ လုံးရဲ့အခန်းပေါင်း ၈၀၀ အနက် တိုက် ၄၈ လုံး၊ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာများရရှိပြီးဖြစ်ကာ အခန်းများတွင် တပ်ဆင်ပြီးဖြစ်တဲ့အတွက် မေလ ၂၀ ရက်မှစတင်ပြီး စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။
အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရပါတယ်။ (သဲစု)