ဂျပန်ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံ၏ ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
ဇူလိုင် ( ၃၁ )
Myanmar Property Dealer
မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ အဆင့်မြင့်နည်းပညာ၊ MSME လုပ်ငန်းများနဲ့ လျှပ်စစ်သုံးမော်တော်ယာဉ် (EV) ဆက်စပ်လုပ်ငန်းများမှာ ဂျပန်ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့ပါတယ်။
အဆိုပါ
ဖိတ်ခေါ်မှုကို ဇူလိုင်လ ၂၈
ရက်နေ့က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပခဲ့တဲ့ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံများအနက် အဆင့်
၉
နေရာမှာ ရပ်တည်နေပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁
ဒသမ
၈၆၉
ဘီလီယံကျော် တန်ဖိုးရှိတဲ့ လုပ်ငန်း ၁၂၇
ခုမှာ
ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သီလဝါအထူးစီးပွားရေးဇုန်မှာ ဂျပန်ကုမ္ပဏီ ၅၀
ကျော်
လုပ်ကိုင်နေပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၂၉
ဒသမ
၉၂
ရာခိုင်နှုန်းနဲ့ အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
လက်ရှိ
မြန်မာနိုင်ငံအတွင်း ဂျပန်ကုမ္ပဏီပေါင်း ၃၀၀
ခန့်
လုပ်ငန်းလည်ပတ်နေပြီး ဂျပန်နိုင်ငံသား ၁,၅၀၀ ကျော်လည်း လာရောက်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအနေနဲ့ စိုက်ပျိုးမွေးမြူရေးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုမယ့် အဆင့်မြင့်နည်းပညာလုပ်ငန်းများ၊ MSME ကဏ္ဍအတွက် ကုန်ကြမ်းကွင်းဆက် ခိုင်မာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို အထူးကြိုဆိုထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အကောင်အထည်ဖော်နေတဲ့ ဧက
၁၀,၀၀၀ ခန့် ကျယ်ဝန်းတဲ့ "ရတနာပုံဆိုက်ဘာစီးတီး" စီမံကိန်းမှာလည်း စိတ်ဝင်စားတဲ့ ဂျပန်ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ထားပါတယ်။
အစိုးရအနေနဲ့ EV ဆက်စပ်လုပ်ငန်းများအတွက် အကောက်အခွန်သက်သာခွင့်များ ပေးထားတဲ့အပြင် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံများအတွက် လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာရရှိရေး၊ One-Stop Service ဝန်ဆောင်မှုနဲ့ ဒီဂျစ်တယ်လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။