Home  / News  / News Details

新闻详情

“ ရောင်းမှားဝယ်မှားမဖြစ်ရအောင် (၂) ”

Sep 30, 2022  /

“ ရောင်းမှားဝယ်မှားမဖြစ်ရအောင် (၂) ”
 
Myanmar Property Dealer
 
ဟဲလို
သူငယ်ချင်းရေ
ငါ့ကိုကူညီပေးပါအုံးကွာ။ မင်းမှာအသိမိတ်ဆွေ ရှေ့နေမရှိဘူးလား။
‘’ ငါကွာ ကွန်ဒိုလေးတစ်ခုဝယ်မိတာ အခုဆုံးတော့မယ်ကွာတဲ့ ‘’
မနက်မိုးမလင်းသေးဘူး ။သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းခေါ်သံကြောင့် အိပ်ယာမှလန့်နိုးထလာတယ်။ကိုယ်လည်း အိပ်ချင်မူးတူးကြီးနဲ့ ‘’မင်းကဘာလို့ရှုံးရမှာလဲ’’ ငါ့ကိုသေသေချာချာရှင်း ပြစမ်းပါကွာဆိုမှဝမ်းနည်းသံကြီးနဲ့ပြောလာတာပါ။
တကယ်တော့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက သူကျွန်တော်ဆီကိုဝမ်းသာအားရ ဖုန်းဆက်လာပြီးပွဲစား တွေကနေတဆင့် ကွန်ဒိုလေးတစ်ခုကိုပေါချောင်ဈေးနဲ့ရခဲ့လို့ဝမ်းသာနေတာပါ ။
ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော်က သူ့ကိုပြန်မေးလိုက်ပါသေးတယ်။
‘’မင်းကဘာလဲ First Owner လား ဒါမှမဟုတ် Developer ကဆီကနေတိုက်ရိုက်ဝယ်တာလား။’’ဆိုတော့ တဆင့်ခံဆီကနေဈေးပေါပေါနှင့်ငွေအပြီးချေလိုက်ပြီးဝယ်လိုက်တာဟုသာပြောလာတာပါ ။
အခုတော့ သူဝယ်လိုက်တဲ့ကွန်ဒိုအခန်းကို အရင်သူတွေက Developer ဆီမှာ ( ၃၀) ရာခိုင်နှုန်းကို ငွေပေးချေပြီးကျန်ငွေတွေကို အတိုးမဲ့အရစ်ကျငွေပေးချေမှုနှင့်ဝယ်ထားတာဖြစ်ပါတယ်။ တနည်းပြော ရရင်တော့ အကြွေးနှင့် ကွန်ဒိုကို ဝယ်ပြီး လက်ငင်းငွေချေစနစ်နဲ့သူငယ်ချင်း ကိုပြန်ရောင်း သွားတာပဲဖြစ်ပါတယ်။ Developer ဘက်ကလည်းသတ်မှတ်ရက်အတွင်းမှာငွေပေးချေမှုတွေမလုပ်တဲ့ အတွက် သတိပေးအကြောင်းကြားစာ ၃ကြိမ်တိတိကိုလာပေးနေပြီဖြစ်ပါတယ်။
 
အကယ်၍ ဒီရက်ပိုင်းအတွင်းမှာ သူ့အနေနဲ့ Developer ဘက်ကို အရင်လူပေးသွင်းရမဲ့ငွေတွေကိုသူမပေးသွင်းပါကလက်ရှိကွန်ဒိုကနေ သူဆင်းပေးရမှာပါ။အခန့်မသင့်ရင်တရားတွေ ပါရင်ဆိုင်ရနိုင်တဲ့အထိဖြစ် လာနိုင်တာပါ။
 
ဒါနဲ့ပတ်သက်ပြီးလည်း Developer ဘက်ကမိတ်ဆွေတွေကိုမေးမြန်းစုံစမ်းကြည့်တဲ့အခါမှာ ‘’ဝယ်သူတွေ အနေနဲ့ ကိုယ်ဝယ်ယူမဲ့ တိုက်ခန်း ကွန်ဒိုအကြောင်းနဲ့ပတ်သက်ပြီး သေသချာချာစုံစမ်းဖို့လိုပါတယ်။ ကိုယ်ဝယ်ယူမဲ့ ကွန်ဒိုကဘယ်သူက ဆောက်တာလဲ၊ဘယ်ကုမ္ပဏီက ရောင်းချပေးတာလဲ ။အာမခံမှုကဘာတွေရှိလဲ၊အစရှိတာတွေကိုသိဖို့လိုတယ်၊ကျွန်မတို့ဆိုရင်သီးသန့်ရုံးခန်းဖွင့်ထားပြီးတော့အချိန်မရွေးလာစစ်ဆေးပါ။ဝယ်သူကောရောင်းသူကောစာချုပ်စာတမ်းတွေကိုဒီမှာလာစစ်ဆေးလို့ရပါတယ်ဆိုပြီး စာတွေတောင်ကပ်ပေးထားတယ်။ဟုလည်းရှင်းပြလာပါတယ်။
 
အချုပ်ဆိုရသော ကျွန်တော်သူငယ်ချင်းတစ်ယောက်ကတော့Developer မှာရုံးခန်းမှာလည်းသူဝယ်ထားတဲ့ကွန်ဒိုအခန်းစာချုပ်စာတမ်းတွေကိုလည်းတရားဝင်သွားရောက်စစ်ဆေးခြင်းမရှိသလို မေးမြန်းခြင်းမရှိတာကြောင့် အခုတော့ငွေကြေးများစွာဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။
 
ဒီနေရာမှာကျွန်တော်တို့တွေကဘာသင်ခန်းစာရလိုက်သလဲဆိုရင်
ကွန်ဒိုတိုက်ခန်းတွေဝယ်တော့မယ်ဆိုရင်
ပိုင်ဆိုင်မှုသေချာရဲ့လား၊
အာမခံချက်ကဘာတွေလဲ၊
တစ်ထောင်တန်တဲ့တိုက်ခန်းကို ဘယ်လောက်ပဲဗိုက်နာတဲ့ဈေးဖြစ်နေပါစေ။ပေါက်ဈေးထက်တစ်ဝက်လောက်ဈေးသက်သာနေတယ်ဆိုရင်စဉ်းစားရမှာဖြစ်ပါတယ်၊၊
နောက်ဆုံးအဆုံးအဖြတ်တစ်ခုကတော့ “ဘာပဲဝယ်ဝယ်၊ရောင်းမှား၊ဝယ်မှား”
မဖြစ်ရလေအောင် Developer တွေမှာမေးမြန်းစုံစမ်းဖို့လိုတယ်ဆိုတာပါပဲဗျာ