လယ်ယာမြေနှင့်စပ်လျဉ်း၍ သက်ဆိုင်သူမည်သူမဆို
သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ ဥပဒေနှင့်အညီချမှတ်ထားသောအမိန့်ကို
လိုက်နာရမည်
နိုဝင်ဘာလ (၅)ရက် ။
Myanmar Property Dealer
လယ်ယာမြေနှင့်စပ်လျဉ်းပြီး
သက်ဆိုင်တဲ့မည်သူမဆို သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့် မှ ဥပဒေနှင့်အညီ
ချမှတ်ထားတဲ့အမိန့်ကို လိုက်နာရမှာဖြစ်တယ်လို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရဲ့လယ်ယာမြေ
လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိသူများ လိုက်နာရမယ့်စည်းကမ်းချက်များထဲမှာ ဖော်ပြထားရှိပါတယ်။
ဒါ့အပြင် လယ်ယာမြေ လုပ်ပိုင်ခွင့်မရမီကာလအတွင်း
သို့မဟုတ် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့်စပ်လျဉ်းပြီး အငြင်းပွားမှုဖြစ်ပေါ်နေတဲ့ကာလအတွင်း
လယ်ယာမြေကို ရောင်းချခြင်း၊ပေါင်နှံခြင်း၊ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရ
ပဲ ၊စိုက်ပျိုးထုတ်လုပ်မှုအရင်းအနှီးအတွက်သာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကိုပေါင်နှံခွင့်ရှိပြီး
အစိုးရဘဏ်သို့မဟုတ် အစိုးရကအသိအမှတ်ပြုသောဘဏ် တွင်သာပေါင်နှံရ မှာဖြစ်တယ်လို့ သိရပါတယ်
။
လယ်ယာမြေကိုလက်ရှိထားပိုင်ခွင့်နှင့်ပတ်သက်ပြီး
လယ်ယာမြေလုပ်ပိုင်ခွင့် ၊ရာသီသီးနှံကိုပြောင်းလဲ စိုက်ပျိုးနိုင်ခွင့်၊ ယင်းသို့လုပ်ပိုင်ခွင့်မှ
ပေါ်ထွက်လာတဲ့ အကျိုးအမြတ်ကိုခံစားပိုင်ခွင့်ရှိမှာဖြစ်ပြီး၊ လယ်ယာမြေကို အားလုံးဖြစ်စေ၊
တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ
ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊လဲလှယ်ခွင်နှင့်ပေးကမ်းခွင့် ရှိ မှာဖြစ်တယ်လို့
သိရပါတယ် ။
လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခွင့်နှင့်စပ်လျဉ်း၍
အငြင်းပွားမှုပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့် အညီ သက်ဆိုင်ရာတရားရုံး အဆုံးအဖြတ်ခံယူနိုင်ခွင့်
သတ်မှတ်တဲ့ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမရှိသရွေ့ လယ်ယာမြေ လုပ်ပိုင်ခွင့်၊
လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရသို့မဟုတ် အစိုးရအသိအမှတ်ပြုထားသည့်အဖွဲ့အစည်း
အသင်းအဖွဲ့များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်လည်းကောင်း ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်လည်း
အကျိုးတူလုပ်ကိုင်ခွင့်၊ လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ နှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်
ရရှိမှာဖြစ်တယ်လို့လည်းသိရပါတယ်။