ဆယ်စုနှစ်တစ်ခုနီးပါး
ကြန့်ကြာခဲ့တဲ့
မင်္ဂလာဈေးသစ်
နိုဝင်ဘာ
ပထမပတ်အတွင်း
ဖွင့်လှစ်မယ်
အောက်တိုဘာ (၃၁)ရက်။
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီး၊
မင်္ဂလာတောင်ညွန့်မြို့နယ်က
မင်္ဂလာဈေးသစ်ကို လာမယ့် နိုဝင်ဘာလ ပထမပတ်အတွင်း ဖွင့်လှစ်ဖို့ စီစဉ်နေပြီးလက်ရှိမှာတော့ ဈေးသူ၊ ဈေးသားတွေကို ဆိုင်ခန်းတွေအတွင်း ရောင်းကုန်ပစ္စည်းတွေ စတင်ရွှေ့ပြောင်းနေရာချထားခွင့်
ပြုထားပြီလို့ YCDC ထံက သိရပါတယ်။
ဈေးသစ်ဖွင့်လှစ်မယ့်ရက်ကို
နိုဝင်ဘာ ၁ ရက်ကနေ ၅
ရက်အတွင်း သတ်မှတ်ဖို့ စီစဉ်ထားတာဖြစ်ပြီးအောက်တိုဘာ
၂၈ ရက်ကစပြီး ယာယီဈေးမှာ ရောင်းချနေတဲ့ ဈေးသည်တွေကို မူလဆိုင်ခန်းတွေဆီ ပစ္စည်းရွှေ့ပြောင်းခွင့် ပေးထားပါတယ်။
ဒါပေမဲ့ လက်ရှိမှာ လျှပ်စစ်မီး မရရှိသေးတာကြောင့် ဆိုင်ခန်းပြင်ဆင်ရေးလုပ်ငန်းတွေ
လုပ်ဆောင်ရာမှာ အခက်အခဲရှိနေတယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
မင်္ဂလာဈေးဟောင်းဟာ
၂၀၁၀ ပြည့်နှစ် မေလနဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတို့မှာ မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီမီးလောင်မှုတွေကြောင့်
အဆောက်အအုံပျက်စီးဆုံးရှုံးမှု
များပြားခဲ့ပြီး ဆက်လက်အသုံးပြုဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဖြိုဖျက်ခဲ့ရပါတယ်။
အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီကို ဈေးသစ်ပြန်လည်တည်ဆောက်ခွင့်
ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်
ဆောက်လုပ်ရေးကုန်ကြမ်းဈေးနှုန်းတွေ
မြင့်တက်လာပြီး လုပ်ငန်းတွေ ရပ်နားခဲ့ရတဲ့ကာလတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဈေးသစ်တည်ဆောက်ရေးလုပ်ငန်းဟာ
အချိန်ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိတည်ဆောက်ပြီးစီးထားတဲ့
မင်္ဂလာဈေးသစ်ဟာ ရှစ်ထပ်အဆောက်အအုံဖြစ်ပြီး အဲဒီထဲက လေးထပ်ကို မူလဆိုင်ခန်းပိုင်ရှင်တွေကို
ပြန်လည်ပေးအပ်မှာဖြစ်ပြီး
ကျန်လေးထပ်ကိုတော့ ဆောက်လုပ်ရေးကုမ္ပဏီက ရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် စည်ပင်သာယာရေးကော်မတီပိုင် ဆိုင်ခန်းပေါင်း ၄,၀၆၇ ခန်းကိုလည်း
ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှာဖြစ်ပြီးဈေးသည်တွေကို
မူလအမည်ပေါက် ဆိုင်ခန်းနံပါတ်တွေအတိုင်း ပြန်လည်နေရာချထားပေးထားတယ်လို့
YCDC ရဲ့ အချက်အလက်တွေအရ သိရပါတယ်။