Home  / News  / News Details

新闻详情

တိုင်းဒေသကြီး၊ ပြည်နယ် ၈ခုတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄ သန်းကို ဖြန့်ဝေမည်

Sep 15, 2025  /


တိုင်းဒေသကြီး၊ ပြည်နယ် ၈ခုတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄ သန်းကို ဖြန့်ဝေမည်
စက်တင်ဘာလ(၁၅)ရက်။
Myanmar Property Dealer
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်(၈)ခုတို့တွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄ သန်းကို ဖြန့်ဝေသွားမှာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ဘိလပ်မြေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးမှာဖြစ်ပြီး ဒီလို ဖြန့်ဝေနိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းရရှိပြီးဖြစ်တယ်လို့လည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောပါတယ်။
ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ နည်းပညာကောလိပ် စတဲ့အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆွေးနွေးလျက်ရှိတယ်လို့သိရပါတယ်။ဘိလပ်မြေစက်ရုံများအနေဖြင့် ကျောင်းသား ၊ကျောင်းသူများ လက်တွေ့လာရောက် ကွင်းဆင်းရာတွင် လက်ခံဆောင်ရွက်ပေးနိုင်ရေးအတွက်စီမံဆောင်ရွက်ထားရှိရမှာဖြစ်ပြီး အသင်းအနေဖြင့် ဘိလပ်မြေထုတ်လုပ်မှုနှင့် ဆက်စပ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားရမှာဖြစ်ပြီး စက်မှုဝန်ကြီးဌာနအနေဖြင့် ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများနှင့် ပတ်သက်ပြီး လိုအပ်ချက်များရှိပါက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဘိလပ်မြေအရည်အသွေးကို နိုင်ငံတကာအဆင့်မီစစ်ဆေးနိုင်ရေးအတွက် ဓာတ်ခွဲခန်းတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ထုတ်လုပ်မှုနည်းပညာအဆင့်ဆင့်အား လွှဲပြောင်းရရှိရေးဆောင်ရွက်နေမှု၊ ဘိလပ်မြေစက်ရုံများ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရတဲ့ အခက်အခဲများကို ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု အခြေအနေတို့ကိုလည်းကောင်း၊ စက်ရုံအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဖြန့်ဖြူးရောင်းချမှု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်စဉ် တွေ့ကြုံရတဲ့အခက်အခဲများကိုလည်းကောင်း၊ ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိလပ်မြေများ ဖြန့်ဖြူးပေးနိုင်ရေးအခြေအနေတို့ကိုလည်းကောင်း၊ ဘိလပ်မြေများ အရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမဲ့အခြေအနေ၊ နည်းပညာလွှဲပြောင်းရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများနှင့် ကျောင်းများချိတ်ဆက်ဆောင်ရွက်သွားမဲ့အခြေအနေတို့ကိုလည်းကောင်း အစည်းအဝေးတတ်ရောက်လာသူများက ဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။