သဘင်အနုပညာအင်အားဖြင့် ရေဘေးသင့်ရွာ သုံးရွာအတွက် ၃၅ သိန်းတန် နေအိမ်အလုံးရေ (၄၉)လုံး လှူဒါန်းမည်
အောက်တိုဘာ (၁၁)ရက်။
Myanmar Property
Dealer
နေပြည်တော် ၊တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ သုံးရွာအတွက် သဘင်အသိုင်းအဝိုင်းမှ ၃၅ သိန်းတန် နေအိမ်အလုံးရေ (၄၉)လုံး လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။
လက်တလောတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊မန္တလေးတိုင်းဒေသကြီး သဘင်မိသားစုများ၊ ဥက္ကဋ္ဌ ဦးလှမင်း ဦးဆောင်သော မြိတ်သဘင်အစည်းအရုံး၊ထားဝယ်မှ ထက်ဝေယံနှင့်အဖွဲ့၊အင်းမ သဘင်အစည်းအရုံးများမှ လှူဒါန်းငွေများနှင့်စေတနာရှင်များ၏ စုပေါင်းအလှူအဖြစ်လှူဒါန်းသွား မှာဖြစ်တယ်လို့သိရပါတယ်။
‘’ကျွန်တော်တို့ မှာစာရင်းပေးထားတဲ့တန်ဖိုးနည်းအိမ်အတွက်အလှူရှင်တွေကတော့ အလုံး၅၀ကျော် လောက်တော့ရှိနေပြီ။လက်ထဲမှာငွေအဆင်သင့်အလှူငွေရထားတာကတော့ ၄၉လုံးစာရှိနေတယ်။ သီတင်းကျွတ်အပြီးမှာတော့ နေအိမ်အလုံး၃၀ကျော်ကိုအပြီးသပ်နိုင်အောင်ဆောင်ရွက်နေတယ်။ ဒါ့အပြင် အလှူရှင်တွေကိုလည်းဖိတ်ခေါ်လျှက်ရှိနေတယ်လို့ ‘’ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)အတွင်းရေးမှူး ဦးနေဝင်းကဆိုပါတယ်။
ရေဘေးသင့်ရွာများအတွက်ဆောက်လုပ်လှူဒါန်းပေးမည့်တန်ဖိုးနည်းအိမ်အကျယ်မှာ ၁၆ပေ၊၁၂ပေအကျယ် ၊အောက်ခံတုံး၊သံဖရိုင်များဖြင့်ဆောက်လုပ်ပေးမှာဖြစ်ပြီးလှူဒါန်းလိုသည့်အလှူရှင်များအနေဖြင့် ဦးနေဝင်း (အတွင်းရေးမှူး) မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဖုန်းနံပါတ် ၀၉၄၀၂၇၄၅၀၇၅ ကိုဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်းသိရပါတယ်။