Home  / News  / News Details

新闻详情

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာသာမက ပင်လယ်ကမ်းခြေဘက်တွေမှာပါ အိမ်ခြံမြေ‌ ဈေးကွက် အရောင်းလိုက်ဟု ဆို။

Sep 6, 2022  /

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာသာမက ပင်လယ်ကမ်းခြေဘက်တွေမှာပါ အိမ်ခြံမြေ‌ ဈေးကွက် အရောင်းလိုက်ဟု ဆို။
 
Myanmar Property Dealer
စက်တင်ဘာ- ၄ ရက် ။
 
ပြည်တွင်းမှာဖြစ်ပေါ်နေသည့် ဒေါ်လာဈေး၊ ရွှေဈေးတက်နေသည့် အနေအထားတွေကြောင့်ပြည်သူများက ငွေကြေးကို လက်ဝယ်မထားချင်သည့်အတွက် အိမ်ခြံမြေ ဈေးကွက်ကို စိတ်ဝင်စားမှုမြင့်တက်လျက်ရှိနေ ကြောင်းသိရသည်။
 
အိမ်ခြံမြေဈေးကွက်ထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေများလာသည့်အတွက် လက်ရှိ အိမ်ခြံမြေလောကအနေနှင့်အရောင်းအဝယ်တွေ ပိုဖြစ်ထွန်းလာပြီး ယခုနှစ်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာသာမက ပင်လယ်ကမ်းခြေဘက်တွေမှာပါ အိမ်ခြံမြေဈေးကွက် အရောင်းလိုက်နေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များ ထံမှသိရသည်။
 
‘’ဒီနှစ်ထဲမှာအိမ်ခြံမြေနဲ့ပတ်သက်ပြီးတော်တော်များများအလုပ်ဖြစ်ကြပါတယ်။ကမ်းခြေတွေလည်းပါတယ်၊ရန်ကုန်၊မန္တလေး၊နေပြည်တော်လိုမြို့ကြီးတွေမှာလည်းအရောင်းအဝယ်တွေဖြစ်ကြပါတယ်။ဖြစ်တယ်ဆိုတဲ့အတိုင်း အတာမှာလည်းကိုယ်ကဘယ်လောက်ပဲရောင်းခြင်၊ရောင်းခြင် ဝယ်သူတွေလည်းရှိအုံးမှလေ။စီးပွားရေးဆိုတာလည်းဘယ်လိုပဲဖြစ်ဖြစ်အကြောင်းကြောင်းတွေကြောင့်ပေါ့နော်။ယခုလပိုင်းတွေမှာဆိုရင် နှစ်ဝက်လောက်တော့ရှိပြီ၊တော်တော်များများအရောင်းအဝယ်တွေဖြစ်ကြတယ်။ကမ်းခြေတွေမှာကော၊မြို့ထဲတွေမှာကောအရောင်းအဝယ်ကတော့တော်တော်များများဖြစ်ကြပါတယ်။ပုံမှန်ထက်စာရင်အိမ်ခြံမြေဈေးကွက်ကတော်တော်များများအရောင်းအဝယ်တွေလည်းဖြစ်လာတယ်။တိုးတက်လာတဲ့အနေအထားလည်းရှိပါတယ်’’ဟု ဧရာဝတီတိုင်းဒေသကြီးအိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဒေါ် စန္ဒာဝင်းမှပြောသည်။
 
လက်ရှိ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးအနေဖြင့်ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း စဉ်များနှင့် မူဝါဒများကို ချမှတ်လုပ်ဆောင်လျက်ရှိကြောင်းလည်းသိရသည်။