Home  / News  / News Details

新闻详情

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေအသုံးချမှု အခြေအနေများကို ဝေဟင်မှ လေယာဉ်ဖြင့် ကြည့်ရှု စစ်ဆေး

Mar 10, 2026  /

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေအသုံးချမှု အခြေအနေများကို ဝေဟင်မှ လေယာဉ်ဖြင့် ကြည့်ရှု စစ်ဆေး

မတ်လ (၁၀)ရက်။

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေအသုံးချမှု အခြေအနေများကို မတ်လ ၈ရက်နေ့နံနက်ပိုင်းက ဝေဟင်မှ လေယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

အဆိုပါ စစ်ဆေးရေးခရီးစဉ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အတူ တာဝန်ရှိသူများလည်း လိုက်ပါခဲ့ကြတယ်လို့သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများအတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ် မြေရိုင်းနှင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲအသုံးပြုနေမှုများအပြင် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် ခွင့်ပြုချက်မရှိဘဲ အသုံးချနေမှုများကို လေယာဉ်ဖြင့် ဝေဟင်မှ ကနဦး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် တရားမဝင် ကျူးကျော်အခြေချခြင်းများနှင့် တရားမဝင် မြေအသုံးချမှုများ မရှိစေရန်နှင့် မြေအသုံးချမှုများကို ဥပဒေနှင့်အညီ စနစ်တကျ ဖြစ်စေရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များပါဝင်တဲ့အဖွဲ့များ ဖွဲ့စည်းပြီး မြေပြင်ကွင်းဆင်း စစ်ဆေး မှုများဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။