Home  / News  / News Details

新闻详情

ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ ၇၇ လုံး ရာနှုန်းပြည့် ဖြိုချဖျက်ဆီးပြီးစီး

Jul 31, 2026  /

ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ ၇၇ လုံး ရာနှုန်းပြည့် ဖြိုချဖျက်ဆီးပြီးစီး

ဇူလိုင် (၃၁)

Myanmar Property Dealer

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့တဲ့ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၇၇ လုံးကို ရာနှုန်းပြည့် ဖြိုချဖျက်ဆီးပြီးစီးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အဆောက်အအုံ ၇၇ လုံးအနက် ၅၇ လုံးကို ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး၊ ၂၀ လုံးကို ဖောက်ခွဲဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် အဆိုပါ အဆောက်အအုံများကို ၂၀၂၆ ခုနှစ် မေ ၂၅ ရက်မှစတင်ပြီး ယာဉ်ယန္တရားများနှင့် ဖောက်ခွဲမှုနည်းလမ်းများ အသုံးပြုကာ အဆင့်ဆင့် ဖြိုချဖျက်ဆီးခဲ့ပြီး နောက် လုပ်ငန်းစဉ်တစ်ရပ်လုံး အောင်မြင်စွာ ပြီးစီးခဲ့တာဖြစ်ပါတယ်။

ဒါ့အအပြင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့တဲ့ စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကိုလည်း စနစ်တကျ ဖျက်ဆီးလျက်ရှိတယ်လို့လည်း  သိရပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများသာမက အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပူးပေါင်းညှိနှိုင်းပြီး ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။