Home  / News  / News Details

新闻详情

သာကေတ၊ဒေါပုံမြို့နယ်တွေထဲမှာအိမ်ခြံမြေတိုက်ခန်းအရောင်းများပြီးအဝယ်နည်းနေ။

Sep 27, 2022  /

သာကေတ၊ဒေါပုံမြို့နယ်တွေထဲမှာအိမ်ခြံမြေတိုက်ခန်းအရောင်းများပြီးအဝယ်နည်းနေ။
Myanmar Property Dealer
ဒေါ်လာဈေး၊ ရွှေဈေးမြင့်တက်နေတဲ့အပြင် သွင်းကုန်၊ထုတ်ကုန်ပစ္စည်းဈေးတွေမြင့်တက်နေမှုများကြောင့် အိမ်ခြံမြေ ဈေးတွေလည်း မြင့်တက်နေပါတယ်။ အရင်က ၂၅’ ပေx ၅၀’ ပေ ၊ ၂၀’ ပေx ၆၀’ ပေ အကျယ်ရှိတဲ့မြေကွက်တွေကို သိန်း ၅၀၀ ကျော်လောက်နဲ့ရနိုင်ပြီး အခုချိန်မှာ သိန်း ၈၀၀ ကျော်လောက်အထိ ဈေးခေါ်နေတာတွေကြောင့် ဝယ်သူတွေ အနေနဲ့ ဝယ်ယူဖို့ခက်ခဲနေတယ်လို့သိရပါတယ်။
ဒေါပုံမြို့နယ်၊ ယမုံနာရပ်ကွက်တွေထဲမှာ အိမ်ခြံမြေဈေးက နှစ်ဦးပိုင်းကနေယနေ့အ ချိန်ထိဆို နှစ်ဆလောက်ဈေးတက်သွားတာဖြစ်ပြီး လမ်းမတန်းနဲ့ ရပ်ကွက်အတွင်း လမ်းကျယ်တွေမှာတော့ ၁၃’ ပေx၅၀’ ပေ အကျယ်မြေကွက်တစ်ကွက်ကို သိန်း (၁၅၀၀) အထိပေါက်ဈေးရှိနေပါတယ်။
ဒေါပုံမြို့နယ်မှာ ယမုံနာလမ်းဘက်ခြမ်းက တိုက်ခန်းများတဲ့နေရာတွေဖြစ်ပြီး အရင်က ၄လွှာ ၊၅လွှာကို သိန်း (၂၀၀) ကျော်ကနေ အခုလက်ရှိ သိန်း(၃၀၀)ကျော်အထိပေါက်နေပြီး မြေကွက်တွေဆိုရင်လည်း ယမုံနာလမ်းမအနီး လမ်းသွယ်တွေက သိန်း (၃၀၀၀) ကျော်ထိ ပေါက်ဈေးရှိကာ ရပ်ကွက်တွေရဲ့လမ်းသွယ် ၊ဒုတိယလမ်းနဲ့ အတွင်းဘက်ပိုကျတဲ့လမ်းတွေမှာဆို သိန်း (၁၀၀၀) ကျော်ကနေ သိန်း (၂၀၀၀)ကျော်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
‘’ရပ်ကွက်အနေအထား၊ မြေနေရာအကွက်အကွင်းကောင်း၊ပတ်ဝန်းကျင်အခြေအနေတွေကိုကြည့်ပြီး ပေါက်သင့်တဲ့ဈေးထက် နှစ်ဆလောက်များနေရင် ဝယ်လက်တွေအနေနဲ့ နောက်ဆုတ်သွားတာမျိုးရှိသလို လက်ရှိမှာ ဈေးငြိမ်နေ ပေမယ့် ဒေါ်လာဈေးကျရင် တိုက်ခန်းဈေးလည်း လိုက်ကျသွားမှာကို တိုက်ခန်းလက်ဝယ်ပိုင်ထားသူတွေအနေနဲ့ စိုးရိမ်နေတယ်လို့ ‘’ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။
ရန်ကုန်မြို့ရဲ့မြို့နယ်တွေထဲမှာ လူနေသိပ်သည်းမှုများတဲ့မြို့နယ်တစ်မြို့နယ်ဖြစ်တဲ့ ဒေါပုံမြို့နယ် မှာ ဝယ်သူများလာတာကြောင့် အိမ်ခြံမြေဈေးတွေခုန်တက်လာတာဖြစ်ပြီး ဆိတ်ငြိမ်ရပ်ကွက်ထဲမှာရှိတဲ့လုံးချင်းအိမ်တွေဆို သိန်း (၂၀၀၀) အထက် ဈေးရှိနေတာဖြစ်ပါတယ်။