Home  / News  / News Details

新闻详情

Yangon Convention Center တွင်ကျင်းပနေတဲ့ မြန်မာ့အိမ်ခြံမြေအရောင်းပြပွဲ

Mar 3, 2023  /

Yangon Convention Center တွင်ကျင်းပနေတဲ့ မြန်မာ့အိမ်ခြံမြေအရောင်းပြပွဲ

မတ်လ (၃)ရက်။

Myanmar Property Dealer

မြန်မာ့အိမ်ခြံမြေအရောင်းပြပွဲ Myanmar Real Estate Expo 2023 ကို မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ (အင်းလျားလိပ်ဟိုတယ်၀န်း) အတွင်းမှာရှိတဲ့ Yangon Convention Center တွင် (ယနေ့)မတ်လ ၃ ရက်နေ့ကနေ  ၅ ရက်နေ့အထိ (၃) ရက်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 လက်ရှိကျင်းပနေတဲ့ မြန်မာ့အိမ်ခြံမြေအရောင်းပြပွဲတွင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ထိပ်တန်း အိမ်ခြံမြေ Developer ကြီးများ၊ အကျိုးဆောင်ကုမ္ပဏီများ၊ အာမခံလုပ်ငန်းနဲ့ ဘဏ်များအပါအဝင် နိုင်ငံတကာ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီများစုံလင်စွာ ပါဝင်ပြသထားကြောင်းလည်းတွေ့ရပါတယ်။ 

 


သုံးရက်တိုင်တိုင်ကျင်းပမဲ့ မြန်မာ့အိမ်ခြံမြေအရောင်းပြပွဲ Myanmar Real Estate Expo 2023တွင် အိမ်ခြံမြေ အမျိုးစားစုံစုံလင်လင်ကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းသိရှိနိုင်မယ့်အပြင်ငွေသားကံစမ်းမဲအစီအစဉ်တွေလဲပါဝင်တာကြောင့်ပြပွဲကြည့်ရှုရင်းကံထူးရှင်ဖြစ်နိုင်မယ့် အစီအစဉ်လေးတွေလည်းထည့်သွင်းထားပါတယ်လို့ ပွဲစီစဉ်သူတွေထံကနေသိရပါတယ်။

Photo – Myanmar Property Dealer