သုခတော်ဝင်အိမ်ရာ
အပိုင်း(၂) လျှောက်ထားသူများအား ဇူလိုင် ၁
ရက်နှင့် ၂ ရက်တွင် မဲနှိုက်ရွေးချယ်မည်
ဇွန် ၂၆
Myanmar Property Dealer
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ သုခတော်ဝင်အိမ်ရာ အပိုင်း(၂)မှ တိုက်ခန်းများအတွက် လျှောက်ထားသူများအား မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာဌာနက အသိပေးထုတ်ပြန်ထားရှိပါတယ်။
ထုတ်ပြန်ချက်အရ အိပ်ခန်း (၂) ခန်းပါ တိုက်ခန်းများအတွက် လျှောက်ထားသူများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက် နံနက် ၉ နာရီတွင်လည်းကောင်း၊ အိပ်ခန်း (၃) ခန်းပါ တိုက်ခန်းများအတွက် လျှောက်ထားသူများကို ဇူလိုင် ၂ ရက် နံနက် ၉ နာရီတွင်လည်းကောင်း သတ်မှတ်ထားသော နေရာများတွင် မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒါ့ကြောင့် လျှောက်ထားသူများအနေဖြင့် သတ်မှတ်ထားသော ရက်၊ အချိန်နှင့် နေရာသို့ လိုအပ်တဲ့စာရွက်စာတမ်းများနှင့်အတူ အချိန်မီ လာရောက်ကြရန် သက်ဆိုင်ရာဌာနက အသိပေးထားရှိတယ်လို့သိရပါတယ်။