Home  / News  / News Details

新闻详情

လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များရေးဆွဲနေတယ်လို့သိရ

Mar 10, 2024  /

လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များရေးဆွဲနေတယ်လို့သိရ

မတ်လ(၁၀)ရက်။

Myanmar Property Dealer

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များ ရေးဆွဲဆောင်ရွက်နေတယ်လို့သိရပါတယ်။

လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်ရန်အတွက် မြို့ပြ နှင့် အိမ်ရာစီမံကိန်းများ တည်ဆောက်ရာတွင် Town Plan များစနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် MSME လုပ်ငန်းရှင်များနှင့်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။

မြို့ပြစီမံကိန်းနှင့် အိမ်ရာစီမံကိန်းများ တည်ဆောက်ရာတွင်အားကစားကွင်းများ၊ ဈေးနှင့် ကျောင်းများ၊ ဆေးရုံများ ထည့်သွင်းတည်ဆောက်ရန် နှင့်
စီမံကိန်းများတည်ဆောက်ရာတွင်လည်း လယ်ယာစိုက်ပျိုးမြေများ မထိခိုက်စေရန် နှင့် ဈေးများတည်ဆောက်ရာတွင် အဆင့်မီသည့်ဈေးများ၊ Shopping Mall များ တည် ဆောက်ရန်လိုတယ်လို့လည်းသိရပါတယ်။
လက်ရှိလှိုင်သာယာမြို့နယ်တွင်စက်မှု့ဇုန် ( ၁၃  )ခု ၊စက်ရုံ(၁၀၀၀  ) ကျော်နှင့်အနယ်နယ်အရပ်မှလာရောက်လုပ်ကိုင်ကြတဲ့ လုပ်သားဦးရေ ( ၃ )သိန်းဝန်းကျင်လုပ်ကိုင်လျှက်ရှိတယ်လို့လည်းသိရပါတယ်။