Home  / News  / News Details

新闻详情

ကန်ဒေါ်လာ ၁၅ ဘီလီယံတန် ဂျပန်လေဆိပ်ကြီး ရေအောက်ကို မြှုပ်တော့မှာလား

Apr 23, 2025  /

ကန်ဒေါ်လာ ၁၅ ဘီလီယံတန် ဂျပန်လေဆိပ်ကြီး ရေအောက်ကို မြှုပ်တော့မှာလား
ဧပြီလ (23)ရက်
Myanmar Property Dealer
လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကတည်းကဆောက်ခဲ့တဲ့ ဂျပန်နိုင်ငံရှိ ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးလေဆိပ်အဖြစ် အသိအမှတ်ပြုခံထားရသော်လည်း ရေအောက်ကို တဖြေးဖြေးနဲ့ နစ်မြှုပ်နေပြီး တစ်နေ့ကျရင် လုံးဝနစ်မြုပ်သွားနိုင်ကြောင်း The Economic Times မှာဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် အိုဆာကာကို ဝန်ဆောင်မှုပေးနေတဲ့ လေဆိပ်ဟာ ၃၈ ပေကျော်ထိ နစ်မြုပ်သွားပြီဖြစ်ကြောင်း သိရပါတယ်။ ကျွန်းတုနှစ်ခုရဲ့ အပိုင်းတွေဟာ ၂၀၅၆ အရောက်မှာ ပင်လယ်ရေအောက်ထဲကို နောက်ထပ် ၁၃ ပေ နစ်မြုပ်သွားနိုင်ကြောင်း အင်ဂျင်နီယာတချို့က ခန့်မှန်းထားကြပါတယ်။
ဒီကြီးမားတဲ့ ရေပေါ်လေဆိပ်ဟာ All Nippon Airways, Japan Airlines နဲ့ Nippon Cargo လေကြောင်းလိုင်းများအတွက် အချက်အချာကျတဲ့နေရာတစ်ခုအဖြစ် ဝန်ဆောင်မှုပေးနေတာပါ။ ဒါပေမယ့် ပေါင် 15 ဘီလီယံတန် ကန်ဆိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ လျင်မြန်စွာနစ်မြုပ်နေပြီး မြို့နဲ့ဝေးရာကို ရွေ့လျားနေပါတယ်။ ဝိုင်းရံထားတဲ့ ပင်လယ်တံတိုင်း ကျိုးပေါက်ပါက ရေလွှမ်းမိုးမှုကို ကာကွယ်ရန် အနိမ့်ဆုံး အမြင့်မှာ ၁၃ ပေ ဖြစ်ပါတယ်။
ပင်လယ်တံတိုင်းကို မြှင့်တင်ရန် ပေါင် ၁၁၇ သန်း သုံးစွဲခဲ့ပြီး ဒီလိုလုပ်နေတာဟာ အချည်းနှီးဖြစ်မယ့် ကြိုးပမ်းမှု လို့တချို့က ဆိုကြပါတယ်။
ဒါဆိုရင် ဒီလေဆိပ်ကို ရေပေါ်မှာ ဘယ်လိုတည်ဆောက်ခဲ့ကြလဲ?
ပထမအဆင့်အနေနဲ့ ပင်လယ်ရေပေါ်မှာမြေဖို့လိုက်ပါတယ်၊အဲဒီဖို့လိုက်တဲ့ မြေတွေကို ရေမြှုပ်တုံးသဖွယ် ရေတွေကိုစုပ်ယူစေပြီး၊ လေဆိပ်အဆောက်အအုံရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိစေရန် ခြောက်သွေ့ပြီး သိပ်သည်းတဲ့ အုတ်မြစ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေဟာ ရွှံ့စေးပင်လယ်ကြမ်းပြင်ပေါ်မှာ ငါးပေအနက်ထိ သဲတွေကိုချထားပြီး အချင်း ၁၆ လက်မနီးပါးရှိတဲ့ သံပိုက် ၂.၂ သန်းကို ဒေါင်လိုက်ထောင်ထားလိုက်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ အဲဒီထောင်ထားတဲ့ ပိုက်တွေထဲကို သဲတွေအပြည့်ထည့်လိုက်ပြီး ပိုမိုမာကျောတဲ့ ကြမ်းပြင်ဖြစ်စေဖို့ မြေဆီလွှာကို အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ ဒီဆောက်လုပ်ရေးကြာချိန်က ၃၈ လ ကြာမြင့်ခဲ့ပြီး အလုပ်သမားပေါင်း ၆၀၀၀ ကျော်အသုံးပြုခဲ့ပါတယ်။
ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်က ဘယ်လောက်အရေးကြီးလဲ?
ကန်ဆိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အိုဆာကာပင်လယ်အော်ရှိ ကျွန်းတုနှစ်ခုပေါ်မှာတည်ဆောက်ထားတဲ့ လေဆိပ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ All Nippon Airways၊ Japan Airlines နဲ့ Nippon Cargo လေကြောင်းလိုင်းများအတွက် အချက်အချာကျတဲ့နေရာတစ်ခုပဲဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် အိုဆာကာကို ဝန်ဆောင်မှုပေးနေတာပဲဖြစ်ပါတယ်။
ဒီကန်ဆိုင်း လေဆိပ်ဟာ ရာသီဥတုဆိုးရွားမှုအခြေအနေတွေကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၈ မှာ လူအသေအပျောက်များတဲ့ တိုင်ဖွန်း Jebi ကြောင့် ဂျပန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး လေဆိပ်ကို ယာယီပိတ်ထားခဲ့ရပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံကို ရေလွှမ်းမိုးပြီး တုန်ခါသွားခဲ့တာကြောင့် ထောင်နှင့်ချီတဲ့ ခရီးသည်များ သောင်တင်နေခဲ့ရပါတယ်။