Home  / News  / News Details

新闻详情

တာမွေ(ယာယီ)ဈေး ယခုလ မကုန်မီ ပန္နက်တင်မည်

May 14, 2024  /

တာမွေ(ယာယီ)ဈေး ယခုလ မကုန်မီ ပန္နက်တင်မည်

မေ(၁၄)ရက်။

Myanmar Property Dealer

တာမွေမြို့နယ် (က+ဂ) ရပ်ကွက် ၊ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ တာမွေ(ယာယီ)ဈေးကို ယခုလ မကုန်မီ ပန္နက်တင်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) က သိရပါတယ်။

အဆိုပါဈေးကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် One One One Co.,Ltd အနေဖြင့် တို့ အကျိုးတူပူးပေါင်းတည်ဆောက်ကြမှာဖြစ်ပြီး၊ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က“တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်း ဆိုင်ရာလုပ်ငန်း အကျိုးတူပူး‌ပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်” ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

အဆိုပါ တာမွေအဆင့်မြင့်ဈေးတွင် Basement ၆ ထပ် ဈေးရုံကြီး (၁) ရုံ၊ Shophouse ၃ ထပ် အဆောက်အဦ (၃၄) လုံး၊ နို့ဈေး ၂ ထပ်အဆောက်အဦ (၁) လုံး၊ (၁၀) ခန်းတွဲ ၂ ထပ်အိမ်သာ (၁) လုံး၊ 3.5 MVA ဓာတ်အား ခွဲရုံ (၁) ရုံ၊ Bin Center (၁) ခုနှင့် ဈေးတာဝန်ခံရုံးခန်းတို့ပါဝင်မှာဖြစ်ပါတယ်။

တာမွေ(ယာယီဈေး)တွင် ယခင်က ဈေးရုံအဟောင်း ၁၈ ရုံရှိပြီး ဆိုင်ခန်းပေါင်း ၆၀၈ ခန်းရှိခဲ့ကာ ယင်း ဈေးဆိုင်ခန်းများအတွက် ယာယီဈေးဆိုင်တန်းများကို၂၀၁၉ ခုနှစ် သြဂုတ်လဆန်းပိုင်းက စတင်တည် ဆောက်၍ ယာယီဈေးဆိုင်ခန်းသစ်များပေါ်သို့ ပြောင်းရွှေ့ရောင်းချခွင့်ပြုခဲ့ပေးခြင်း လည်းဖြစ်ပါတယ်။

ဈေးသစ်ကြီးပြီးစီးပါက ယခင်ဈေးဟောင်းမှ ဆိုင်ခန်းများကို ပြန်လည်နေရာချထားပေးမှာ ဖြစ်ပြီး၊ ရာနှင့်ချီတဲ့ ကားအစီးရေများအတွက် ကျယ်ဝန်းတဲ့ကားပါကင်၊ လာရောက်သူများအပန်းဖြေနိုင်မယ့်ဧရိယာများလည်း ပါဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

ယင်းဈေးနေရာမှာ ယခင်က တရုတ်သုသာန်မြေနေရာဖြစ်ပြီး ၃ ဒသမ ၇၉၂ ဧက ကျယ်ဝန်းကာ ၁၉၉၄ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ တာမွေ (ယာယီ)ဈေးအဖြစ် စတင် အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ (စု)