သင်္ကြန်အလွန် မန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်အပြင် အငှားဈေးကွက်ပါအေးနေ
မေ (9)
Myanmar
Property Dealer
မန္တလေးမြို့၏ အိမ်ခြံမြေဈေးကွက်မှာ မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလ နောက်ပိုင်းတွင် အရောင်းအဝယ်အပြင် အငှားဈေးကွက်များပါ သိသိသာသာ အေးနေကြောင်း အိမ်ခြံမြေအကျိုးဆောင် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။
လက်ရှိဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ ငွေကျပ် သိန်းထောင်ဂဏန်းဝန်းကျင်ရှိ အချက်အလက် စုံလင်သော မြေကွက်ငယ်အချို့သာ အနည်းငယ်ရှိနေပြီး ငွေကျပ်သိန်းသောင်းချီတန်ဖိုးရှိ မြေကွက်ကြီးများမှာမူ အရောင်းအဝယ် မရှိသလောက် ဖြစ်နေတယ်လို့ ၎င်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
ဒါ့အပြင် အငှားဈေးကွက်ပိုင်းမှာ လူနေထိုင်ရန်အတွက်သာ အဓိကထား မေးမြန်းမှုများရှိနေပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်နှင့် ဆိုင်ခန်းဖွင့်လှစ်ရန်အတွက် မေးမြန်းသူ မရှိသလောက် နည်းပါးနေတယ်လို့လည်း သိရပါတယ်။
လက်ရှိ မန္တလေးအိမ်ခြံမြေဈေးကွက်ဟာ သင်္ကြန်အလွန် ကာလတိုအတွင်း အရောင်းအဝယ် အနည်းငယ် တုံ့ဆိုင်းနေတဲ့အခြေအနေတွင်သာ ရှိနေပြီး ယခု မေလ လယ်အတွင်း ပြန်သွက်လာမည်ဟု ခန့်မှန်းသုံးသပ်ထားကြောင်းလည်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သည့် အသိုင်းအဝိုင်းက ဆိုထားပါတယ်