Home  / News  / News Details

新闻详情

ဘတ် ၁.၈ ဘီလီယံဖြင့် ရောင်းချမယ့် ထိုင်းနိုင်ငံက ကော့ခမ်းကျွန်း

Oct 26, 2024  /

ဘတ် ၁.၈ ဘီလီယံဖြင့် ရောင်းချမယ့် ထိုင်းနိုင်ငံက ကော့ခမ်းကျွန်း

အောက်တိုဘာ(၂၆)ရက်။

Myanmar Property Dealer

 

မကြာသေးခင်ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း Trat(ထရတ် ပြည်နယ်မှာတည်ရှိတဲ့ ဆောက်လက်စအပန်းဖြေအိမ်များပါ၀င်တဲ့  Koh Kham(ကော့ခမ်း) ကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ဘတ် ၁.၈ ဘီလီယံဖြင့် ရောင်းချရန်  Facebook မှာ ကြော်ငြာလိုက်တာကြောင့် ခေါင်းကြီးပိုင်းသတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

 ဒီပုဂ္ဂလိကပိုင်ကျွန်းဟာ Trat(ထရတ်)  ပြည်နယ်မှာ အလှပဆုံးကျွန်းဖြစ်ကြောင်းနှင့် အပန်းဖြေအိမ်များရှိကြောင်း ဖေ့စ်ဘုတ်အသုံးပြုသူ Apassara Sonsab(အပ်ပါစာရာ စမ်းစပ်) ဆိုသူကရေးသားခဲ့တာဖြစ်ပါတယ်။

 ပို့စ်မှာရေးသားထားချက်အရ ကျွန်းပေါ်ရှိ ရောင်းရန်နေရာ 10 ဧကခန့် ရှိပြီး ကျွန်းဟာ ကြည်လင်သန့်ရှင်းတဲ့ ပင်လယ်ရေ၊ မီတာ 300 ၀န်းကျင်ကျယ်ပြန့်တဲ့ သဲသောင်ပြင်နဲ့ မီးတောင်ကျောက်စုများ ရှိနေတာဖြစ်ပါတယ်။

 Koh Kham(ကော့ခမ်း) ကျွန်းရဲ့ သဘာ၀အလှအပကို ကြည့်ရှုခံစားနိုင်ဖို့ ဘတ်ငွေ ၁.၈ ဘီလီယံ ပေးဖို့မလိုပါဘူး မော်တော်ဘုတ်ဒါမှမဟုတ် လှေနဲ့ အချိန်မရွေးသွားရောက်ကြည့်ရှုခံစားနိုင်ပါတယ်လို့ Apassara Sonsab(အပ်ပါစာရာ စမ်းစပ်) အရောင်းပို့စ်ကို ထိုင်းနိုင်ငံ Trat(ထရတ်)  ပြည်နယ် ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ရုံးက ပြန်လည်တုံ့ပြန်ထားခဲ့ပါတယ်။

 Koh Kham(ကော့ခမ်း)ကျွန်းဟာလွန်ခဲ့တဲ့ နှစ်သန်းပေါင်း ရာနှင့်ချီကတည်းက မီးတောင်ပေါက်တစ်ခုဖြစ်တယ်လို့ အဆိုပါ ရုံးကဆက်လက်ပြောကြားထားပါတယ်။

 အရှည် ၁၄၈ မီတာရှည်တဲ့တံတားတည်ဆောက်ခြင်း၊ မီတာ ၄၈၀ ရှည်တဲ့ တာတမံနှင့် မြေယာပြန်လည်ပြင်ဆင်မှုတို့ဖြင့် ကျွန်းပိုင်ရှင်အား သစ်တောနှင့် ပင်လယ်ကျူးကျော်မှုတို့ဖြင့် 2014 ခုနှစ်က တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

Koh Mak(ခို့မက်) အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥက္ကဌ နိုလ်ဆူဝဇနနွန်က Koh Kham (ကော့ခမ်း) မှာ ၁၀ ဧက ကျယ်ဝန်းတဲ့ မြေကွက်အတွက် မြေယာလုပ်ပိုင်ခွင့် စာရွက်စာတမ်းကို အကြိမ်ကြိမ် ရောင်းချပြီးဖြစ်ကြောင်း ပြောပါတယ်။

Chon Buri(ချောင်ဘူရီ) မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်က လက်ရှိမြေကွက်ကို ပိုင်ဆိုင်ပြီး ရောင်းချဖို့ ရည်ရွယ်ချက်က မှန်ကန်တယ်လို့ ဆိုပြန်ပါတယ်။


Ref ; Bangkok Post