Home  / News  / News Details

新闻详情

ရန်ကုန်-ဒလတံတားစီမံကိန်း ချဉ်းကပ်လမ်းနှစ်ဖက်လုံးနှင့် စီမံကိန်းတစ်ခုလုံး၏ (၈ဝ) ရာခိုင်နှုန်းထက်မနည်း ပြီးစီးနေ

Oct 18, 2024  /

ရန်ကုန်-ဒလတံတားစီမံကိန်း ချဉ်းကပ်လမ်းနှစ်ဖက်လုံးနှင့် စီမံကိန်းတစ်ခုလုံး၏ (၈ဝ) ရာခိုင်နှုန်းထက်မနည်း ပြီးစီးနေ

အောက်တိုဘာ (၁၈)ရက်။

Myanmar Property Dealer

 

ရန်ကုန်-ဒလတံတားစီမံကိန်း တစ်ခုလုံးနှင့် ချဉ်းကပ်လမ်းနှစ်ဖက်လုံးပြီးစီးမှုမှာ (၈ဝ) ရာခိုင်နှုန်းထက်မနည်း ပြီးစီးနေပြီဖြစ်တာကြောင့် လာမယ့်၂၀၂၅ ခုနှစ်အစောပိုင်းတွင်တံတာကြီး ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများကညွှန်ကြားထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ရန်ကုန်-ဒလတံတားစီမံကိန်း အချိန်မီ သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ရဲ့ စာချုပ်ပါဆုံးဖြတ်ချက်များ ကြောင့် ဖြစ်နေတယ်လို့လည်း ပြည်တွင်းမီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရသိရပါတယ်။

စီမံကိန်းအချိန်ကြန့်ကြာနေရခြင်းမှာ တောင် ကိုရီးယားအစိုးရနှင့် တရုတ်ကုမ္ပဏီတို့ သဘောတူ စာချုပ်နှင့် တိုက်ရိုက်သက်ဆိုင်နေပြီး မြန်မာကုမ္ပဏီများက ကြားဝင်ကူညီပြီးမရတဲ့ အစိတ်အပိုင်းများ ရှိနေတယ်လို့လည်းသိရပါတယ်။

အဆိုပါ ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား ကို တောင်ကိုရီးယားအစိုးရက တင်ဒါခေါ်ယူပြီးတံတားအလယ်ပိုင်း သံပေါင် တပ်ဆင်ရေးအတွက် တရုတ်ကုမ္ပဏီတစ်ခုက တင်ဒါအောင်မြင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိတွင်တံတားတစ်စင်းလုံးပြီးစီးလုနီးပါးဖြစ်နေပြီးတင်ဒါအောင်မြင်တဲ့တရုတ်ကုမ္ပဏီဘက်ခြမ်းမှအလယ်သံဘောင်ရောက်ရှိလာပါကတံတားစီမံကိန်းမှာပြီးစီးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

 မြန်မာနိုင်ငံတွင်အကြီးဆုံးကြိုးဆိုင်းတံတားဖြစ်လာမယ့် ရန်ကုန်-ဒလ တံတားအမျိုးအစားက ကြိုးဆိုင်းတံတား (Cable – Stayed Bridge) အမျိုးအစားဖြစ်ပြီးတံတာပြီးစီးသွားပါက  ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ၊ ဒေးဒရဲတံတားမှတစ်ဆင့် ကမ်းခြေ ဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင် မှာဖြစ်တယ်လို့လည်းသိရပါတယ်။