ရန်ကုန်မှာ
ခွင့်ပြုချက်မဲ့ အဆောက်အဦ ၂,၇၈၂ ခု
အရေးယူထား
အောက်တိုဘာ
၈ ရက်
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တာ၊ ပြင်ဆင်တာတွေ လုပ်နေတဲ့ အဆောက်အဦတွေကို စည်ပင်က အရေးယူနေပြီး ၂၀၂၁
ခုနှစ်ကနေ ၂၀၂၆
ခုနှစ်
ဇူလိုင်လအထိ စုစုပေါင်း အဆောက်အဦ ၂,၇၈၂ ခုအထိ အရေးယူထားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၈
ရက်နေ့(ယနေ့)မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂
)ဦးစိုးမြင့်က အင်းစိန်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်နဲ့ စမ်းချောင်းမြို့နယ်တွေမှာ ခွင့်ပြုချက်မရှိဘဲ အထပ်မြင့်အဆောက်အဦတွေ ဆောက်လုပ်နေတဲ့ကိစ္စကို ဘယ်လိုအရေးယူနေသလဲဆိုတာ မေးမြန်းခဲ့တဲ့အပေါ်မှာစည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါမေးမြန်းမှုကို စည်ပင်သာယာရေးဝန်ကြီးက ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေတဲ့ ကန်ထရိုက်တာနဲ့ မြေရှင်တွေကို ၂၀၁၈
ခုနှစ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေအရ ပထမအဆင့်အနေနဲ့ တရားစွဲဆိုပြီး ဒဏ်ငွေချမှတ် အရေးယူတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအရေးယူမှုကို မလိုက်နာဘဲ ဆက်ပြီး ဆောက်လုပ်နေမယ်ဆိုရင် မြို့နယ်ဥပဒေအရာရှိထံက ဥပဒေအကြံပြုချက် ရယူပြီး ဒုတိယအဆင့်အနေနဲ့ ထပ်မံတရားစွဲဆို အရေးယူသွားမယ်လို့ ဆိုပါတယ်။ ပြစ်မှုထင်ရှားရင်တော့ ဒဏ်ငွေအပြင် ထောင်ဒဏ်အပါအဝင် ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။
ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေတဲ့ အဆောက်အဦတွေကို ဆက်လက်မဆောက်လုပ်နိုင်အောင် အများပြည်သူ သိရှိစေဖို့ တားမြစ်ဆိုင်းဘုတ်အနီတွေ တပ်ဆင်ထားပြီး၂၀၂၁ ခုနှစ်ကနေ ၂၀၂၆
ခုနှစ်
ဇူလိုင်လ ၂၇
ရက်နေ့အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ခရိုင်
၁၀
ခုမှာ
ခွင့်ပြုချက်မဲ့ ဆောက်လုပ်၊ ပြင်ဆင်နေတဲ့ အဆောက်အဦ စုစုပေါင်း ၂,၇၈၂ ခုကို အရေးယူထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။
လက်ရှိမှာလည်း ခွင့်ပြုချက်မဲ့ အဆောက်အဦတွေ ထပ်မံမပေါ်ပေါက်လာစေဖို့ ကြိုတင်စိစစ်တာ၊ တားဆီးတာနဲ့ လိုအပ်ရင် ဖြိုဖျက်ရှင်းလင်းတာတွေ ပြုလုပ်နိုင်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဆိုပါအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုတွေကို ထပ်မံမဖြစ်ပေါ်လာအောင် စိစစ်ကြပ်မတ်သွားမယ်လို့ စည်ပင်သာယာရေးဝန်ကြီးက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။