Home  / News  / News Details

新闻详情

အိမ်၊ခြံ၊မြေ လုပ်ငန်းရှင် Trump တစ်ယောက် အိမ်ဖြူတော်ကို နောက်တစ်ကြိမ် ခြေချနိုင်မှာလား

Nov 2, 2024  /

အိမ်၊ခြံ၊မြေ လုပ်ငန်းရှင် Trump တစ်ယောက် အိမ်ဖြူတော်ကို နောက်တစ်ကြိမ် ခြေချနိုင်မှာလား

နိုဝင်ဘာ(၃)ရက်။
Myanmar Property  Dealer

 

ထရန့်ရဲ့ ဖခင်ဖြစ်သူက Fred Trump ဖြစ်ပါတယ်။ Fred Trump  ဟာ E Trump & Son ဆိုတဲ့ ကုမ္ပဏီ ထောင်လိုက်ပါတယ်။အဲဒီနောက် New York မှာ ပထမဆုံး ကိုယ်တိုင်ယူစနစ် Minimarket  ကို စတင်ဖွင့်လှစ်ခဲ့ပြီး ရလာတဲ့အကျိုးအမြတ်နဲ့ ဒေဝါလီခံလိုက်ရတဲ့ အိမ်ခြံမြေ ကုမ္ပဏီတစ်ခုကိုဝယ်ယူလိုက်ပါတယ်။

 နောက်ပိုင်းမှာ E Trump & Son ဟာ New York မှာ အကြီးဆုံး အိမ်ခြံမြေ ရောင်းဝယ်ရေး ကုမ္ပဏီဖြစ်လာပါတော့တယ်။Donald Trump ဟာ သူ့အဖေထားတဲ့ စစ်တပ်‌ဘော်ဒါကျောင်းမှာနေထိုင်ခဲ့ပြီး အဲဒီကနေ ကောလိပ် ၂ နှစ်တက်ကာ ပန်ဆင်ဗင်နီးယား တက္ကသိုလ်မှာ စီးပွားရေးဘွဲ့ကို 1968 ရရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းသူ့ဖခင်အလုပ်မှာ ၃ နှစ်အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီရဲ့ဦးဆောင်သူဖြစ်လာခဲ့ကာ Trump Organization အဖြစ် နာမည်ကိုပြောင်းလဲလိုက်ပါတယ်။1980 မှာ Trump ဟာ အိမ်ခြံမြေလုပ်ငန်းရှင်ကနေ နိုင်ငံရေးလောကထဲကိုဝင်ရောက်လာတဲ့ Cele တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒေဝါလီခံလိုက်ရတဲ့ လေကြောင်းလိုင်းတွေကို ပြန်ဝယ်ပြီး Trump Airline ဆိုပြီးထောင်နိုင်ခဲ့ပါတယ်။သူသမ္မတမဖြစ်လာခင် နှစ် ၃၀ ကတည်းက သူဟာသမ္မတဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။1991 ဝန်းကျင်မှာ Trump ဟာစီးပွားရေးကျဆင်းမှုတွေနဲ့ ဆက်တိုက်ကြုံခဲ့ရပြီးနောက်၅ နှစ်အတွင်းစီးပွားရေးကိုနလန်ပြန်ထူနိုင်အောင်လုပ်ဆောင်လာနိုင်ခဲ့ပြီး သူပြန်လာပြီဆိုတဲ့အကြောင်းကိုThe Art of The Comeback ဆိုတဲ့ နာမည်နဲ့တောင်စာအုပ်ထုတ်ဝေလိုက်ပါသေးတယ်။

2000 ခုနှစ်မှာ Reform Party ကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ပါတီပြိုကွဲသွားပါတယ်။ဒါပေမယ့် တစ်သီးပုဂ္ဂလ အနေနဲ့ဝင်ပြိုင်နိုင်သေးပေမယ့် ရှုံးဖို့များတာကြောင့် မပြိုင်ဖြစ်ခဲ့တော့တာပါ။သူ့ဘဝမှာ အရှုံးရလာဒ်ဆိုတဲ့အရာကို မလိုချင်ခဲ့တာကြောင့်လို့ဆိုပါတယ်။

2012 အရောက်မှာတော့ Republican ရဲ့ သမ္မတလောင်းစာရင်းထဲကို ထရမ့်တစ်ယောက်ရောက်လာခဲ့ပါတယ်။ Trump ဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်နဲ့ ပြိုင်ဆိုင်ခဲ့ရပေမယ့် အနိုင်ရရှိပြီး  ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်ထိ အမေရိကန်ရဲ့ ၄၅ ယောက်မြောက်သမ္မတဖြစ်လာခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာတော့ Trump နဲ့ ကာမလာဟားရစ် တို့ဟာ ၄၇ ယောက်မြောက် အမေရိကန်သမ္မတနေရာအတွက် မဲများစတင်ပြိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ထရမ့်ဟာ ပြောစရာရှိတာကို ပြတ်ပြတ်သားသားပြောဆိုတတ်ပြီး လုပ်စရာရှိတာကိုရအောင်လုပ်တတ်တဲ့ ဘယ်တော့မှအရှုံးမပေးတတ်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒါကြောင့် Trump တစ်ယောက် အိမ်ဖြူတော်ကိုဒုတိယအကြိမ်ပြန်လည်ခြေချနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ...