ထိုင်းသတင်းဌာန The Nation ရဲ့ ဖော်ပြချက်တွေအရ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားများ ကွန်ဒိုအိမ်ခန်းဝယ်ယူမှုက ရုရှားနိုင်ငံကိုကျော်လွန်ပြီး ဒုတိယနေရာကိုရောက်ရှိသွားတယ်လို့ သိရပါတယ်။
ယခုနှစ် လေးလအတွင်း စုစုပေါင်း ဘတ် ၁၈ ဒသမ ၀၂ ဘီလျံတန်ဖိုးရှိ ကွန်ဒိုမီနီယံအခန်းပေါင်း (၃၉၃၈)ခန်းကျော် ကိုထိုင်းနိုင်ငံက ရောင်းချနိုင်ခဲ့ပြီး၊အဆိုပါအခန်းများဝယ်ယူမှုတွင် တရုတ်နိုင်ငံသားများက အခန်းပေါင်း(၁၅၉၆)ခန်းဖြင့် ထိပ်ဆုံးမှရပ်တည်နေပြီး၊ မြန်မာနိုင်ငံသားများဝယ်ယူမှုက အခန်းပေါင်း (၃၉၂)ခန်းဖြင့်ဒုတိယနေရာရှိနေပြီး၊ရုရှားနိုင်ငံသားများရဲ့ ဝယ်ယူမှုက အခန်းပေါင်း(၂၉၅)ခန်း သာရှိနေတယ်လို့ ထိုင်းအိမ်ခြံမြေ သတင်းအချက်အလက်ဌာနက ထုတ်ပြန်ချက်တွေအရသိရပါတယ်။
အဆိုပါစာရင်းဇယားများအရ မြန်မာနိုင်ငံသား(၃၉၂)ဦးထက်မနည်းတဲ့သူများက ထိုင်းဘတ်(၂ ဒဿမ ၂၁) ဘီလျံဖိုး သို့မဟုတ် နိုင်ငံခြားငွေ ဒေါ်လာသန်း(၆၀)ကျော်ဖိုး၊မြန်မာငွေကျပ် သိန်းပေါင်း ၁၂၆ ဘီလီယံ နီးပါး ထိုင်းနိုင်ငံတွင် သွားရောက်ဝယ်ယူခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတွင် မြန်မာအများစုက အိမ်ခြံမြေနှင့် ကွန်ဒိုအခန်းများ ဝယ်ယူကြရာတွင်ပြည်တွင်း မတည်မငြိမ်ဖြစ်မှု၊ မိသားစုကျန်းမာရေး၊ကလေးငယ်များပညာရေးအတွက်ရည်ရွယ်ပြီးသွားရောက်ဝယ်ယူကြတာဖြစ်တယ်လို့လည်းသိရပါတယ်။