Home  / News  / News Details

新闻详情

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ကို ရူပီး ၁၇ သန်းကျော် တန်ဖိုးရှိတဲ့ ငလျင်ဒဏ်သင့်အဆောက်အအုံ စစ်ဆေးရေးပစ္စည်းတွေ လှူဒါန်း

Jun 16, 2026  /

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ကို ရူပီး ၁၇ သန်းကျော် တန်ဖိုးရှိတဲ့ ငလျင်ဒဏ်သင့်အဆောက်အအုံ စစ်ဆေးရေးပစ္စည်းတွေ လှူဒါန်း


အိန္ဒိယသမ္မတနိုင်ငံကနေ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ကို ငလျင်တိုင်းကိရိယာ အပါအဝင် ရူပီး ၁၇ ဒသမ ၇၅ သန်းကျော် တန်ဖိုးရှိတဲ့ ငလျင်ဒဏ်သင့် အဆောက်အအုံ စစ်ဆေးရေး ပစ္စည်းတွေကို လှူဒါန်းလွှဲပြောင်းပေးခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီပစ္စည်းတွေ လွှဲပြောင်းပေးအပ်ပွဲကိုတော့ မနေ့က (ဇွန်လ ၁၀ ရက်) မနက်ပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှာ ကျင်းပခဲ့တာပါ။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Abhay Thakur က အမှာစကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သံအမတ်ကြီးက စက်ပစ္စည်းကိရိယာတွေနဲ့ စာရွက်စာတမ်းတွေကို အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်ဆန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး၊ တက်ရောက်လာသူတွေက လှူဒါန်းထားတဲ့ စက်ပစ္စည်းကိရိယာတွေကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ပထမအကြိမ်အဖြစ် ဘေးအန္တရာယ်မတိုင်မီနဲ့ ဘေးအန္တရာယ်ဖြစ်ပြီးနောက် အဆောက်အအုံတွေကို အကဲဖြတ်စစ်ဆေးနိုင်မယ့် ရူပီးသန်း ၂၀ ကျော်တန်ဖိုးရှိ စက်ကိရိယာ ၁၁ မျိုးကို လှူဒါန်းခဲ့ပါသေးတယ်။

အခု ဒုတိယအကြိမ် လှူဒါန်းမှုမှာတော့ငလျင်တိုင်းကိရိယာတွေ၊ကွန်ကရစ်အတွင်းပိုင်း စစ်ဆေးတဲ့ကိရိယာတွေ၊အပူလှိုင်းပုံရိပ်ဖမ်းကင်မရာတွေနဲ့အဆောက်အအုံကြံ့ခိုင်မှုကို စောင့်ကြည့်စစ်ဆေးနိုင်မယ့် စက်ယန္တရားတွေ ပါဝင်ပြီး တန်ဖိုးငွေ ရူပီး (၁၇ ဒသမ ၇၅) သန်းကျော် တန်ဖိုးရှိတယ်လို့လည်းသိရပါတယ်။