မြန်မာနိင်ငံရဲ့အကြီးဆုံး နိင်ငံတကာလေဆိပ်ဖြစ်လာမယ့်ဟံသာဝတီ
အပြည်ပြည်ဆိုင်ရာလေဆိပ်
မြန်မာနိင်ငံရဲ့အကြီးဆုံး နိင်ငံတကာလေဆိပ်ဖြစ်လာမယ့်ဟံသာဝတီ
အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ပဲခူးမြို့ရဲ့အနောက်ဘက် ၅ ကီလိုမီတာအကွာနှင့် ရန်ကုန်မြို့၏အရှေ့မြောက်
၆၀ ကီလိုမီတာခန့်အကွာ တွင်တည်ရှိတာြဖစ်ပြီး ပဲခူးမြို့ကျောက်တိုင် ရွာအနီးက ဂျပန်ခေတ်လေဆိပ်သဖွယ် အသုံးပြုခဲ့တဲ့မြေပေါ်မှာ ဟံသာဝတီလေဆိပ်အသစ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။
စီမံကိန်းကို
၁၉၉၀ ခုနှစ်အစောပိုင်းကာလများတည်းက စတင်ရန်ရည်ရွယ်ခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင်
ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရတာဘဲဖြစ်ပါတယ်။
စီမံကိန်းအကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၄၁၈၃၂.၄၂ ခန့်ကျယ်ဝန်းတာြဖစ်ပြီး
အပိုင်းသုံးပိုင်းနဲ့တည်ဆောက်ဖို့လျာထားခဲ့တာြဖစ်ပါတယ်။
စီမံကိန်းအပိုင်း ၁ မှာတော့ အလျား ၃၆၀၀ မီတာ၊ အကျယ် ၆၀
မီတာ အကျယ်ရှိတဲ့ လေယာဥ်ပြေးလမ်းတစ်လမ်းနဲ့လေကြောင်းလိုင်းဆိုင်ရာရှေ့ပြေးအဆောက်အအုံတချို့ပါဝင်တာဖြစ်ပြီးတစ်နှစ်
လျှင်ခရီးသည် စုစုပေါင်း ၁၂ သန်းအထိ ဝန်ဆောင်မှုပေးနိုင်မှာဘဲဖြစ်ပါတယ်။
စီမံကိန်းအပိုင်း ၂ မှာတော့
ပထမလေယာဥ်ပြေးလမ်းနှင့်အပြိုင်ပြေးလမ်းနောက်တလမ်းထည့် သွင်းမှာဖြစ်ပြီး တစ်နှစ်လျှင်ခရီးသည်
သန်း ၂၀ အထိ ဝန်ဆောင်မှုပေးနိုင်အောင်တိုးချဲ့သွားမှာဘဲဖြစ်ပါတယ်။
စီမံကိန်းအပိုင်း ၃ မှာဆိုရင်တော့ လေကြောင်းလိုင်းဆိုင်ရာအဆောက်အဦး
အားလုံးပြီးစီးပြီး လေဆိပ်လုပ်ငန်းစဥ်များ အပြည့်အဝလည်ပတ်နိုင်မှာဖြစ်ကာတစ်နှစ်လျှင်ခရီးသည်
သန်း ၃၀ အထိ ဝန်ဆောင်မှုပေးနိုင်မှာဘဲဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ
အစိုးရကနေ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီးတည်ဆောက်ရေး စီမံကိန်း
ပြန်လည်စတင်ရန် ကြေညာခဲ့တာဘဲဖြစ်ပါတယ်။ ကြေညာချက်ထုတ်ပြီးနောက် တောင်ကိုရီးယားကုမ္ပဏီစုတစ်ခုက
၂၀၁၃ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၄ ခုနှစ်အစောပိုင်းတွင်
တည်ဆောက်ရေးစတင်ရန် စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သဘောတူညီချက်မှာ
ပျက်ပြားခဲ့ပြီး အဓိကတည်ဆောက်ရေးလုပ်ငန်းများ ရှေ့မဆက်နိုင်ဖြစ်ခဲ့ရပါတယ်။
ကိုရီးယားကုမ္ပဏီစုနှင့် သဘောတူညီချက် ပျက်ပြယ်ပြီးနောက်
၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ဂျပန်-စင်္ကာပူ ကုမ္ပဏီစုတစ်ခုကို တင်ဒါအသစ် ချပေးခဲ့ပြီး
၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး
တည်ဆောက်ရေးကို ၂၀၁၇ ခုနှစ်တွင် စတင်ရန်ရည်ရွယ်ခဲ့တာဘဲဖြစ်ပါတယ်။ သဘောတူစာချုပ်အရ
ဒီစီမံကိန်းမှာ ကန်ဒေါ်လာ သန်း ၁၄၅၀ ရင်းနှီးမြုပ်နှံမှာဖြစ်ပြီး စုစုပေါင်းရင်းနှီးမြုပ်နှံမှု
ပမာဏ၏ ၄၉ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံ အစိုးရမှ ထောက်ပံ့ပေးမည်ဖြစ်ခါ ပြင်ပချေးငွေ
ဒေါ်လာ ၅၁၇ သန်းနှင့် ပူးပေါင်း ကုမ္ပဏီမှ ရင်းနှီးငွေ ဒေါ်လာ ၂၂၂ သန်းတို့ဖြင့်ပါဝင်ထားကြတာဘဲဖြစ်ပါတယ်။
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကကာလရှည်ရပ်ဆိုင်းထားမှုတွေရှိခဲ့ပေမယ့်လည်းယခုအခါ
စီမံကိန်း အပိုင်း ၁ ပြီးစီးရန်ရည်ရွယ်ထားပြီ၊ ဆောက်လုပ်ရေးဆိုင်ရာငွေကြေးရင်းနှီးမှုကိစ္စရပ်များနှင့်
ရင်းနှီးမြုပ်နှံမှုဆိုင်ရာအကြောင်းအရာများကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ညှိနိူင်းမှုများပြုလုပ်နေပြီဖြစ်တယ်လို့ ASEAN Skyline rising ရဲ့ဖော်ပြချက်အရသိရပါတယ်။