ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း
အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုပိုများနေဟုဆို
မတ်လ
(၂၆)ရက်။
Myanmar
Property Dealer
လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း
အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုများပိုများနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူများရဲ့
ပြောပြချက်အရ သိရပါတယ်။
" လက်ရှိအိမ်ခြံမြေဈေးကွက်က ခပ်ပါးပါးဖြစ်နေပြီးတော့
အငှားဈေးကွက်ပိုဖြစ်နေတယ်။ ရွှေဈေးငွေဈေးတွေတတ်နေလို့ အိမ်ခြံမြေဘက်ကို ပြောင်းလဲရင်းနှီးမြှုပ်နှံမယ်ဆိုတာ
ထင်ကြေးပါပဲ။ ဈေးကွက်ထဲမှာတော့ အိမ်ခြံမြေအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတာ
မတွေ့ရသေးဘူး"ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
ဒေါ်လာဈေးနှုန်း အပြောင်းအလဲ နှင့် အိမ်ဆောက်ပစ္စည်းဈေးနှုန်း
ကွာဟ ချက်များကြောင့် အရောင်းထက် အငှားဈေးကွက် ပိုသွက်နေခြင်းဖြစ်ပြီး လက်ရှိ ဖြစ်ပွားနေသော
တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်လိုသူများသည် ရန်ကုန်သို့ လာရောက်နေထိုင်ကြခြင်းကြောင့်
အငှားဈေးကွက် ပိုဖြစ်နေကြောင်း သိရသည်။
" အခုက နယ်တွေကနေ ဒီဘက်ကို တိုက်ပွဲရှောင်လာတဲ့
သူတွေများလာတယ်။ လုံးချင်းအိမ်တွေ၊ တိုက်ခန်းနဲ့ ကွန်ဒိုတွေ အငှားများနေတယ်။ အရောင်းဖြစ်နေတာက
မြေကွက်တွေ ပဲရှိတယ်"ဟု၎င်းကဆက်လက်ပြောကြားသည်။
အိမ်ခြံမြေ ဈေးကွက်အတွင်း မြေကွက် အရောင်းအဝယ်ပိုများပြီး
ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်
(မြောက်ပိုင်း) နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) စသော လေးမြို့နယ်အနက် ဒဂုံအရှေ့ပိုင်း
၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ ရပ်ကွက်များမှ မြေကွက်အလွတ်များ အရောင်းအဝယ်ဖြစ်နေပြီး
ပေ (၄၀X၆၀) လျှင်ငွေကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိ ပေါက်ဈေးအမျိုးမျိုး
ရှိနေကြောင်း သိရသည်။ မြန်မာ့ အိမ်ခြံမြေဈေးကွက်သည် ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်း
အလဲနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုများအပေါ်တွင် သက်ရောက်မှုရှိနေခြင်းဖြစ်သည်။