အထပ်မြင့်အဆောက်အဦဆောက်လုပ်ရန် တင်ပြလာသူများကို ညှိနှိုင်းဆောင်ရွက်ရေးဌာန (အထပ်မြင့်အဆောက်အဦ စစ်ဆေးရေး ကော်မတီ-HIC)ကစစ်ဆေး
အထပ်မြင့်အဆောက်အဦဆောက်လုပ်ရန် တင်ပြလာသူများကို ညှိနှိုင်းဆောင်ရွက်ရေးဌာန (အထပ်မြင့်အဆောက်အဦ စစ်ဆေးရေး ကော်မတီ-HIC)ကစစ်ဆေး
ဒီဇင်ဘာ (၂၂) ရက်
Myanmar Property Dealer
ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းရှိ အထပ်မြင့်အဆောက်အဦဆောက်လုပ်ရန် တင်ပြလာသူများကို ညှိနှိုင်းဆောင်ရွက်ရေးဌာန (အထပ်မြင့်အဆောက်အဦ စစ်ဆေးရေး ကော်မတီ-HIC)ကစစ်ဆေးပြီးမှသာ ခွင့်ပြုလျက်ရှိတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံဌာနကနေသိရပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီအုပ်ချုပ်မှု
နယ်နိမိတ်အတွင်း အဆင့်မြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီအထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ခွင့်လျှောက်ထားခြင်းကို လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများစိစစ်ပြီး ခွင့်ပြုပေးလျက်ရှိပါတယ်။ ညှိနှိုင်းဆောင်ရွက်ရေးဌာန (အထပ်မြင့်အဆောက်အဦ စစ်ဆေးရေး ကော်မတီ-HIC) အနေဖြင့် လျှောက်ထားလာသော အထပ်မြင့်အဆောက်အဦများအား ဆောက်လုပ်ခွင့်ပြုရန် သင့်/မသင့် အားစစ်ဆေးရာတွင်ရွှေတိဂုံဘုရား ကန့်သတ်ဧရိယာအတွင်း ဖြစ်လျှင် ရွှေတိဂုံဘုရားအမြင့်နှင့်နှိုင်းယှဉ်၍ သတ်မှတ် ပင်လယ်ရေ မျက်နှာပြင် အထက်အမြင့် ကျော်လွန်မှုရှိ/မရှိ၊ ကားပါကင် လုံလောက်မှုရှိ/မရှိ၊ ရေပေးဝေနိုင်မှု ရှိ/မရှိ၊ရေစီးရေလာကောင်းမွန်မှုရှိ/မရှိ၊ မိလ္လာစွန့်ပစ်မှုစနစ်ကောင်းမွန်မှုရှိ/မရှိ၊ အမှိုက်နှင့်ရေဆိုးစွန့်ထုတ်မှုစနစ်၊ လျှပ်စစ်ဓါတ်အားပေးဝေမှု စနစ်၊ စတဲ့လုပ်ထုံးလုပ်နည်း၊ နည်းပဒေများကို သက်ဆိုင်ရာဌာနများ ညှိနှိုင်းစစ်ဆေးပြီး ဥက္ကဋ္ဌ(မြို့တော်ဝန်)ထံတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြစစ်ဆေးကာ ဆောက်လုပ်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ဆိုပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့မြေကွက်ရဲ့ အနည်းဆုံးအတိုင်းအတာ (၅ဝ ပေ) အထိအဆောက်အဦများကို (၁၂)ထပ်အထိသာ ခွင့်ပြုထားပြီး (၅ဝ ပေ) ကျော်လွန်မှသာ (၁၂)ထပ် အထက် အဆောက်အဦများကိုစိစစ်ပြီး ဆောက်လုပ်ခွင့်ပြုထားတာဖြစ်ပါတယ်။
ထို့ပြင် (၁၃)ထပ်မှအထက်အဆောက်အဦများအား မြေချန်သတ်မှတ်ရာတွင် အဆောက်အဦ အမြင့်ပေါ်မူတည်၍ ရှေ့/ဘေး/နောက် မြေချန်များအား သတ်မှတ်ကြောင်း သိရပါတယ်။ အထပ်မြင့်အဆောက်အဦဆောက်လုပ်ရာတွင် ထားရှိရမယ့် ကားပါကင်အရေအတွက်မှာလူနေအိမ်ခြေနှင့် စပ်ဆိုင်နေသော နေရာများတွင် တစ်ခန်းလျှင် ၁ စီးနှုန်းဖြင့်ပါရှိရမည်ဖြစ်ပြီး ကားပါကင်သည် ဆောက်လုပ်မည့်အဆောက်အဦအတွင်း ရှိရမယ်လို့ ပြောပြချက်အရ သိရပါတယ်။