Home  / News  / News Details

新闻详情

တွံတေးမှာ ဖိနပ်လုပ်ငန်း စက်မှုရပ်ကွက်ဖော်ဆောင်မယ်လို့သိရ

Mar 4, 2026  /

တွံတေးမှာ ဖိနပ်လုပ်ငန်း စက်မှုရပ်ကွက်ဖော်ဆောင်မယ်လို့သိရ

မတ်လ (၄)ရက်။

Myanmar Property Dealer

 

ရန်ကုန်တိုင်းဒေသကြီးထဲက တွံတေးမြို့နယ်မှာ ဖိနပ်လုပ်ငန်းတွေ စုပေါင်းလုပ်နိုင်မယ့် ဖိနပ်စက်မှုရပ်ကွက်တစ်ခု တည်ဆောက်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ ဖိနပ်လုပ်ငန်းရှင်တွေဟာ နေရာအခက်အခဲတွေ ကြုံနေရတဲ့အတွက် စက်မှုရပ်ကွက်တစ်ခု ဖော်ဆောင်ပေးဖို့ နိုင်ငံတော်ကို တင်ပြခဲ့ကြတဲ့အခါမှာ တွံတေးမြို့နယ်အနီးမှာ မြေဧကတချို့ ရရှိခဲ့ပါတယ်။

 ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ရှိနိုင်တာကြောင့် ဒဂုံမြို့သစ် () မြို့နယ် နဲ့ မြောက်ဥက္ကလာပမြို့နယ် တို့အတွင်း အဆင်ပြေမယ့်နေရာတွေ ထပ်မံတောင်းခံခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ယခုအခါမှာ  ရန်ကုန်နဲ့ ဒလကို ဆက်သွယ်ထားတဲ့ ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား (ဒလတံတားသစ်) ကို ဖွင့်လှစ်ပြီးဖြစ်တာကြောင့် သွားလာရေး ပိုမိုလွယ်ကူလာမယ်လို့ ယူဆပြီး တွံတေးမြို့နယ်မှာပဲ စက်မှုရပ်ကွက် ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။

လတ်တလောတွင် တွံတေးမှာ လူ (၁၂၂) ဦးအတွက် စက်မှုရပ်ကွက်တည်ဆောက်ဖို့ မြေကွက်ပေးထားတယ်လို့လည်းသိရပြီး ရရှိမယ့် မြေနေရာအကျယ်အဝန်း၊ ဧကပမာဏနဲ့ ပေးသွင်းရမယ့်ငွေကြေးပမာဏတွေကိုတော့ အသေးစိတ် ဆွေးနွေးညှိနှိုင်းရဦးမယ်လို့လည်း သိရပါတယ်။

ဒီစက်မှုရပ်ကွက် အကောင်အထည်ဖော်နိုင်ခဲ့ရင် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့်အပြင် ပြည်တွင်းဖိနပ်လိုအပ်ချက်ကိုလည်း ပိုမိုဖြည့်ဆည်းနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။