ကျောက်ဖြူ
အထူးစီးပွားရေးဇုန်
ရေနက်ဆိပ်ကမ်းစီမံကိန်း
ဇွန်လမတိုင်မီ
လုပ်ငန်းများပြီးပြတ်အောင်
ဆောင်ရွက်ရန် ညွှန်ကြား
ဖေဖော်ဝါရီ (၂၆)ရက်။
Myanmar Property Dealer
ကျောက်ဖြူ
အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး လာမယ့် ဇွန်လမတိုင်မီ လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်ရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ
ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊
ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ညွှန်ကြားထားရှိတယ်လို့သိရပါတယ်။
ကျောက်ဖြူ
အထူးစီးပွားရေးဇုန် ရေနက်စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် မြန်မာနှင့် CITIC နှစ်ဖက် ကြိုတင်ဖြည့်ဆည်းရမယ့် အချက်များ (Conditions
Precedent) နှင့် စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
(၂/၂၀၂၅) ကို နေပြည်တော်တွင်
ပြုလုပ်ခဲ့ချိန်မှာ ပြည်ထောင်စုဝန်ကြီး
ကပြောကြားခြင်းလည်းဖြစ်ပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှုကော်မတီနှင့်
တရုတ်နိုင်ငံ CITIC
Group ဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်
ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား
လုပ်ငန်းလုပ်ကိုင်ခွင့်
သဘောတူစာချုပ်
(Concession Agreement) ကို
၂၀၂၀ ပြည့်နှစ်တွင် ချုပ်ဆိုခဲ့ပြီး အဆိုပါ Concession
Agreement ရဲ့ နောက်ဆက်တွဲ စာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးခဲ့ပြီး Long
Stop Date ကို ၁၈ လ ကာလသက်တမ်းတိုးပေးခဲ့ခြင်းဖြစ်ပါတယ်။
Long Stop Date သက်တမ်းတိုးမြှင့်ထားတဲ့ ကာလက လာမယ့် ဇွန်လတွင် ပြည့်မြောက်မှာဖြစ်ပြီး အဆိုပါသက်တမ်း မပြည့်မြောက်မီ လုပ်ငန်းများပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန်
ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိတဲ့အတွက် သတ်မှတ်ရက်မရောက်မီ လုပ်ငန်းများကို ပြီးစီးအောင် ဆောင်ရွက်ကြရန်လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော်က ဆိုတာဖြစ်ပါတယ်။
ထို့ပြင်
ကျောက်ဖြူအထူးစီးပွားရေးဇုန်
ရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ရေးအတွက်
အစုရှယ်ယာရှင်များနှင့်
သက်ဆိုင်သောသဘောတူစာချုပ်
(Shareholders’ Agreement)တွင်
ဖော်ပြထားတဲ့အတိုင်း မြန်မာ-တရုတ် နှစ်ဖက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ရမယ့် စာချုပ်ပါအချက်များအနက် မြန်မာဘက်က ဆောင်ရွက်ရမယ့်အချက် ၁၀ ချက်၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရမည့်အချက်
၄ ချက်တို့ကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်ဆောင်ရွက်ရန်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံကလည်း
ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့
ဇန်နဝါရီလ ၂၁ ရက်တွင် ပြုလုပ်ခဲ့တဲ့
မြန်မာနှင့် CITIC နှစ်ဖက် ကြိုတင်ဖြည့်ဆည်းရမယ့် အချက်များ (Conditions
Precedent) နှင့် စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်လည်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်မတိုင်မီ လုပ်ငန်းများပြီးပြတ်အောင်
ဆောင်ရွက်နေကြောင်း ပြောကြားထားရှိပါတယ်။