Home  / News  / News Details

新闻详情

မြေငှားသက်တမ်းကုန်နေပြီဖြစ်တဲ့ဘုရင့်နောင်ပွဲရုံ သက်တမ်းဆက်လက်တိုးနိုင်ရန် မျှော်လင့်နေ

Jun 15, 2023  /

မြေငှားသက်တမ်းကုန်နေပြီဖြစ်တဲ့ဘုရင့်နောင်ပွဲရုံ သက်တမ်းဆက်လက်တိုးနိုင်ရန် မျှော်လင့်နေ

ဇွန်လ (၁၆)ရက်။

Myanmar Property Dealer

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများဌာနနဲ့အကျိုးတူ မြေငှားရမ်းသုံးစွဲခွင့် ရရှိထားတဲ့ ဘုရင့်နောင်ပွဲရုံဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ကတည်းက မြေငှားသက်တမ်း ကုန်ဆုံးနေပေမယ့် ဘုရင့်နောင်ပွဲရုံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ အနေနဲ့ သက်တမ်းထပ်မံတိုးနိုင်ရန် စီစဉ်ဆောင်ရွက်နေတယ်လို့ ဘုရင့်နောင်ပွဲရုံရှိ ပွဲရုံပိုင်ရှင် များထံက သိရှိရပါတယ်။

မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်းဆုံအနီးမှာရှိနေတဲ့ ဘုရင့်နောင်ပွဲရုံကို နိုင်ငံတော်နေ ၁၉၉၀ခုနှစ် မှာ မြေနေရာချပေးခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများဌာနနဲ့အကျိုးတူ မြေငှားရမ်းသုံးစွဲခွင့်ရရှိထားတာ ဖြစ်ပြီး စည်ပင်မှတဆင့် ဆောက်လုပ်သူများအား (၂၅)နှစ် သက်တမ်းဖြင့် ပြန်လည်ချပေးထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဘုရင့်နောင်ပွဲရုံရဲ့ မြေငှားသက်တမ်း (၂၅)နှစ်မှာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်က ပြည့်ခဲ့ပြီး၊ စည်ပင်အနေနဲ့ (၃)နှစ် ထပ်မံသက်တမ်းတိုးချထားတာလည်း သက်တမ်းပြည့်သွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

အခုလို မြေငှားသက်တမ်းပြည့်သွားပြီဖြစ်တာကြောင့် အရောင်းအဝယ်လုပ်ကြရာတွင် စည်ပင်မှာ မြေပုံ/မြေရာဇဝင်ထုတ်ယူ၍ မရတော့တာကြောင့် Power နဲ့ Positionသာ ယူပြီးသာ အရောင်းအဝယ် လုပ်ကြ ရကြောင်း ဒါ့အပြင် အမည်ပေါက် ပိုင်ဆိုင်မှုများ လွဲပြောင်းလို့မရတော့တာကြောင့် တဖက်မှာ အရောင်းအဝယ်နည်းပါးသွားကြောင်းကိုလည်း ဘုရင့်နောင်ပွဲရုံများအား အရောင်းအဝယ်အငှားလုပ်နေတဲ့ အကျိုးဆောင်ထံက သိရှိရပါတယ်။

အဆိုပါ ဘုရင့်နောင်ပွဲရုံဟာ မြေဧက (၇၅)ဧကဝန်းကျင်ပေါ်မှာ ဘုရင့်နောင်လမ်းမကြီးနဲ့ ကပ်လျက် အပြိုင်လမ်းများ (၉)လမ်း၊ ဘုရင့်နောင်လမ်းမကြီး တည်ပေါက်လမ်း (၄)လမ်းတို့ ရှိနေပြီး စားသောက်ကုန်မျိုးစုံတို့ ပါဝင်တဲ့ ကုန်စည်ဒိုင်ပေါင်း(၁၂၀၀)ခန့်နဲ့ အရောင်းအဝယ်ပြုလုပ်နေတဲ့ သက်တမ်းကြာပွဲရုံကြီး တစ်ခုဘဲ ဖြစ်ပါတယ်။


#ဘုရင့်နောင်ပွဲရုံ