နေပြည်တော်အိမ်ခြံမြေဈေးကွက် ရန်ကုန် နှင့် မန္တလေးမြို့ကြီးနီးပါးဖြစ်နေ။
Myanmar Property Dealer
စက်တင်ဘာ- ၅ ရက် ။
နေပြည်တော်အတွင်းရှိ အိမ်ခြံမြေဈေးကွက်ထဲ၌ ဥတ္တရသီရိမြို့နယ် က မြေဈေးအကောင်းဆုံးဖြစ် နေပြီး၊ ကျောက်မျက်အရောင်းအဝယ်လုပ်ငန်းတွေကြောင့် ဒက္ခိဏသီရိမြို့နယ်မှာလည်း အိမ်ခြံမြေအရောင်းအဝယ်ဖြစ်ထွန်းနေသည့် အပြင်လူတန်းစားအလွှာပေါင်းစုံဝယ်ယူနိုင်သည့် ပုဗ္ဗသီရိမြို့နယ်မှာလည်း ရာဂဏန်းမှစ၍ အရောင်းအဝယ် ဖြစ် နေသည်ဟုသိရသည်။
“အရင်တုန်းက နေပြည်တော်ရဲ့အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးပေမယ့် အခုချိန်ကျတော့ နေပြည်တော်မှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့သူတွေ၊ လာရောက်ပြောင်းရွေ့နေထိုင်သူတွေများပြားလာတာကြောင့် နေပြည်တော်ရဲ့ မြေဈေးက ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေရဲ့မြေဈေးနီးပါးလောက် လိုက်လာနေတယ်’’ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး၏ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒေါ်မာမာတင် က ပြောသည်။
လက်ရှိ နေပြည်တော်အိမ်ခြံမြေဈေးကွက် ယခင်ကထက်နှစ်ဆခန့်မြင့်တက်သွားပြီးနေပြည်တော်တွင်စီးပွားရေးလုပ်ငန်းများလာရောက်လုပ်ကိုင်သည့်သူများနှင့်အေးချမ်းစွာနေထိုင်လိုသည့်သူအများအပြားလာရောက်နေထိုင်ခြင်းကြောင့်လည်း နေပြည်တော်အိမ်ခြံမြေဈေး မြှင့်တက်သွားရခြင်းဖြစ်သည်ဟုလည်းသိရသည်။