ဒေါ်လာ ၃ သန်းကျော်တန် စာဆိုဗိမာန်အဆောက်အအုံ အိန္ဒိယအကူအညီဖြင့် ရန်ကုန်တွင် ဖွင့်လှစ်
မတ်လ(၆)
Myanmar Property Dealer
မြန်မာ့စာပေအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ ဒေါ်လာ ၃ သန်းကျော်တန်ဖိုးရှိ စာဆိုဗိမာန်အဆောက်အအုံကို အိန္ဒိယနိုင်ငံရဲ့ အကူအညီဖြင့် ရန်ကုန်မြို့တွင်
မတ်လ (၄)ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။
အသစ်တည်ဆောက်ထားတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊
ဗိုလ်မင်းခေါင်လမ်းပေါ်ရှိ စာဆိုဗိမာန်အဆောက်အအုံတွင် မြန်မာ့စာပေသမိုင်းနှင့် စာရေးဆရာကြီးများ၏ အမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းပြသနိုင်ရန်အတွက် ခေတ်မီပုံစံဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး အဆောက်အအုံအတွင်းတွင် စာပေဆိုင်ရာပြခန်းများ၊ စာကြည့်တိုက်များ၊ အစည်းအဝေးခန်းများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်မယ့်နေရာများကို စနစ်တကျ ထည့်သွင်းဖွဲ့စည်းထား
တာဖြစ်ပါတယ်။
ဒါ့အပြင် အဆောက်အအုံရဲ့ ဒီဇိုင်းပုံစံမှာ မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်ဖက်ညီစေရန် ဖန်တီးထားပြီး စာပေဝါသနာရှင်များ၊ သုတေသနပြုလုပ်သူများနှင့် လူငယ်စာပေစိတ်ဝင်စားသူများအတွက် လေ့လာသင်ယူနိုင်တဲ့ နေရာတစ်ခုအဖြစ် အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
အဆိုပါ စာဆိုဗိမာန်အဆောက်အအုံ တည်ဆောက်ရေးကို အိန္ဒိယအစိုးရ အကူအညီဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ရှိတယ်လို့ သိရသည်။
စာဆိုဗိမာန်အဆောက်အအုံ ဖွင့်လှစ်ခြင်းအားဖြင့် မြန်မာ့စာပေအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းနိုင်တဲ့အပြင် ပြည်သူများအနေဖြင့်လည်း မြန်မာ့စာပေသမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ
ကို ပိုမိုလေ့လာသိရှိနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။