Home  / News  / News Details

新闻详情

ပြည်တွင်းဖမ်းဆီးစစ်ဆေးမှုများကြောင့် ထိုင်းနိုင်ငံရှိကွန်ဒိုများ မြန်မာဝယ်ယူမှုကျဆင်းနိုင်ဟုဆို

Jun 8, 2024  /



ပြည်တွင်းဖမ်းဆီးစစ်ဆေးမှုများကြောင့် ထိုင်းနိုင်ငံရှိကွန်ဒိုများ မြန်မာဝယ်ယူမှုကျဆင်းနိုင်ဟုဆို

ဇွန်လ (၆)

Myanmar Property Dealer


ထိုင်းနိုင်ငံရှိကွန်ဒိုများကို ပြည်တွင်းမှာတရားမဝင်ရောင်းချပြီး တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ငွေလွှဲပြောင်းလုပ်ကိုင်သူ ၃ ဦး ကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အရေးယူထားပြီးနောက်စစ်ဆေးမှုများရှိနေသဖြင့် ထိုင်းနိုင်ငံရှိကွန်ဒိုများ မြန်မာနိုင်ငံသားဝယ်ယူမှုကျဆင်းလာနိုင်တယ်လို့ ထိုင်းနိုင်ငံရှိအိမ်ခြံမြေလုပ်ကိုင်သူများကပြောပါတယ်။


" အဲဒီသတင်းတွေကြောင့် မြန်မာဝယ်ယူမှုက ကျဆင်းသွားနိုင်တယ်။ အဲဒီကွန်ဒိုတွေနဲ့ပတ်သက်ပြီးလုပ်ငန်းရှင်တစ်ဦးဖမ်းခံထားရတယ်လို့ကြားတယ်။ ဒီထက်ပိုပြီး သူတို့က ကြပ်မတ်ဖို့ရှိတယ်လို့ယူဆရတယ်။ ထိုင်းမှာ မြန်မာတွေကွန်ဒိုဝယ်ယူတာကလည်း မြင့်တက်နေတာတောက်လျှောက်။ အခုကတော့ စောင့်ကြည့်အနေအထားမှာရှိနေတယ်"ဟု ထိုင်းနိုင်ငံရှိအိမ်ခြံမြေလုပ်ကိုင်သူတစ်ဦးကပြောသည်။


ဒါ့အပြင် အိမ်ခြံမြေလုပ်ငန်းရှင် ဦးသိမ်းဝေ အမှုဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့  Yoma Land ကလည်းထိုင်းနိုင်ငံ အိမ်ခြံမြေ ရောင်းချခြင်းများတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းဖြေရှင်းထားရှိတာကိုတွေ့ရပါတယ်။


လက်ရှိမှာ နစကအနေဖြင့် ပြည်ပနိုင်ငံများမှ ကွန်ဒိုတိုက်ခန်းများကို အွန်လိုင်းကနေတဆင့် တရားမဝင် ရောင်းချနေတဲ့ကုမ္ပဏီများနဲ့ ဝယ်ယူသူများကိုလည်း ဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့အသိပေးထားရှိပါတယ်။


ထိုင်းအိမ်ခြံမြေသတင်းအချက်အလက်စင်တာ REIC က ယခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်း ဝယ်ယူတဲ့ နိုင်ငံခြားသားများထဲတွင် မြန်မာနိုင်ငံက ဒုတိအများဆုံးဖြစ်ပြီး ဝယ်ယူမှုပမာဏ ထိုင်းဘတ်ငွေ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၆၀) ကျော်ဖိုးအထိ ရှိကြောင်း ထုတ်ပြန်ထားရှိပါတယ်။