Home  / News  / News Details

新闻详情

ထိုင်းနိုင်ငံတွင် အမည်ခံမြေယာပိုင်ဆိုင်မှုများကို တစ်နိုင်ငံလုံး နှိမ်နင်းမည်

Oct 27, 2026  /

ထိုင်းနိုင်ငံတွင် အမည်ခံမြေယာပိုင်ဆိုင်မှုများကို တစ်နိုင်ငံလုံး နှိမ်နင်းမည်
အောက်တိုဘာ ၂၇ ရက်
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားတွေကို အမည်ခံအသုံးပြုပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်တာနဲ့ မြေယာပိုင်ဆိုင်တာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုးချဲ့နှိမ်နင်းသွားမယ်လို့ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က အောက်တိုဘာ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။
နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ပြီး တရားဥပဒေစိုးမိုးရေး အားကောင်းလာစေဖို့ အဓိကအစီအမံ သုံးရပ်ကို အကောင်အထည်ဖော်သွားမှာဖြစ်သလို သက်ဆိုင်ရာအစိုးရဌာနတွေအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်သွားမယ်လို့ သိရပါတယ်။
အစီအစဉ်အရ နိုင်ငံခြားသားတွေရဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ ဥပဒေမဲ့ရယူထားတဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မြေယာပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေတွေကို ရှောင်လွှဲအသုံးချထားတဲ့ အစီအစဉ်တွေကိုလည်း အဓိကထား နှိမ်နင်းသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
စစ်ဆေးဖော်ထုတ်ရေးလုပ်ငန်းတွေမှာ ဥပဒေစိုးမိုးရေးအဖွဲ့တွေ၊ အခွန်ဌာန၊ စီးပွားရေးလုပ်ငန်းမှတ်ပုံတင်ဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတို့ရဲ့ အချက်အလက်တွေကို ပေါင်းစပ်တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်ပြီး အမည်ခံပိုင်ဆိုင်မှုတွေနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
တစ်ချိန်တည်းမှာပဲ ဥပဒေစိုးမိုးရေးဆောင်ရွက်နေတဲ့ အရာရှိတွေ ခြိမ်းခြောက်ခံရတာနဲ့ အနိုင်ကျင့်ခံရတာတွေ မရှိစေဖို့ အစိုးရက အပြည့်အဝကာကွယ်ပေးသွားမယ်လို့ ဝန်ကြီးချုပ် အနုတင်က ကတိပြုပြောကြားခဲ့ပါတယ်။
Ref ; The Nation