Home  / News  / News Details

新闻详情

ရှမ်းပြည်နယ်မြောက်ပိုင်းအိမ်ခြံမြေဈေးကွက် တရုတ်ယွမ်ဈေးအပေါ်မှာ မူတည်နေ

Sep 18, 2022  /

ရှမ်းပြည်နယ်မြောက်ပိုင်းအိမ်ခြံမြေဈေးကွက် တရုတ်ယွမ်ဈေးအပေါ်မှာ မူတည်နေ
 
#Myanmar Property Dealer
 
ပြည်တွင်းမှာြဖစ်ပေါ်နေသည့် ဒေါ်လာဈေး၊ ရွှေဈေးများအပြင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာမှုများကြောင့်စီးပွားရေးလုပ်ငန်းရှင် အများစုက တစ်ခြားသော ရင်းနှီးမြှုပ်နှံမှုများထက် အိမ်ခြံမြေဈေးကွက်မှာရင်းနှီးမြုပ်နှံလာကြကြောင်းသိရသည်။
 
သည့်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း အိမ်ခြံမြေ ဈေးကွက်က တရုတ်ငွေဈေးအတက်အကျ ပေါ်တွင်မူတည်နေတာကြောင့် တရုတ်ယွမ်ဈေးတက်လျှင် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အိမ်ခြံမြေဈေးလည်း လိုက်တက်လာသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းအိမ်ခြံမြေဖွံ့ဖြိုးရေးအသင်း၏ ဒုတိယဉကဌ ဖြစ်သူ ဒေါ်စုလေးငယ် ကဆိုသည်။
 
"အန်တီတို့ရှမ်းမြောက်ကကျတော့ အိမ်ခြံမြေဈေးကွက်အနေနဲ့က တရုတ်ငွေဈေးအပေါ်မှာလည်းသွားပြီးတော့မှ မူတည်နေတော့ တစ်ရက်တစ်ရက်တရုတ်ငွေဈေးတက်နေတာနဲ့အမျှ အန်တီတို့ မြေဈေးကလည်း ထိုးတက်နေတာ။ ဒီနေ့ သိန်း ၅၀၀ နဲ့ဝယ်ရင် နောက်နေ့ ၆၀၀ ပဲ အဲ့တာတော့သေချာသလောက်ပဲပေါ့။ မြေကိုကစားချင်တယ်ဆိုရင်လည်း ဒီခေါ်တဲ့ဈေးအတိုင်းဝယ်လည်း မနက်ဖန်မြတ်မှာပဲ။ လောက်ကိုင်တို့ မူဆယ်တို့ဘက်ခြမ်း၊ပန်းဆိုင်းဘက်ကနေ အန်တီတို့ရှမ်းမြောက်ကို လာဝယ်တာလေ။ ရောင်းတဲ့သူကနည်းပြီး ဝယ်တဲ့သူကများနေတဲ့အတွက် မမျှတဘူးဖြစ်နေတယ်။ ရောင်းတဲ့သူကလည်း အရင်တုန်းကလိုပေါ့နော် ဒီနေ့ တစ်ထောင်ရရင်ရောင်းမယ်။ ဒီနေ့မဝယ်ရင် မနက်ဖြန် ထောင့်တစ်ရာပဲ၊ ထောင့်နှစ်ရာပဲ ၊အဲ့ဒီလိုဈေးကွက်ကို ဖြစ်နေတာ" ဟု ဒေါ်စုလေးငယ်က ပြောသည်။
 
လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၏အိမ်ခြံမြေဈေးတက်မှုကြောင့် အိမ်ခြံမြေလက်ဝယ်ကိုင်ထားသူတွေအနေနှင့် စိတ်ကြိုက်ဈေးကစားနိုင်ပြီးတစ်နေ့နှင့်တစ်နေ့ ရောင်းဈေးမတူဘူးလို့ သိရပြီး လက်ရှိတက်နေသည့် အိမ်ခြံမြေဈေးကွက်များကြောင့် ဈေးကျဖို့လမ်းမမြင်သည့်အတွက် အိမ်ခြံမြေဈေးကွက်အပေါ် ဆက်လက်ရင်းနှီးထားရမှာဖြစ်ပြီး ပြောင်းလဲနေသည့်ရောင်းဈေးများကြောင့် ရောင်းသူနှင့်ဝယ်သူကြား အဆင်ပြေအောင် ညှိနှိုင်းရတာများရှိနေကြောင်းလည်းသိရသည်။
 
# ရှမ်းမြောက်အိမ်ခြံဈေးတရုတ်ယွမ်ပေါ်မူတည်နေ