ကျွန်တော်ရဲ့ ဆောင်ပုဒ်က အမေရိကမှာ ၃
နှစ်တရားဝင် အလုပ်လုပ်ရင် အိမ်ဝယ်နိုင်ရမယ်။
အမေရိကန် နိုင်ငံရဲ့
စတုတ္ထအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ Texas ပြည်နယ်Houstonမြို့ မှာနေထိုင်ပြီး
အမေရိကန်နိုင်ငံအိမ်ခြံမြေနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုပေးနေတဲ့ ကိုပီတာလင်းကို
Myanmar Property Dealer ကနေအခုလိုတွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
မေး။ မင်္ဂလာပါခင်ဗျ။ Myanmar Property Dealer ကိုအချိန်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ပထမဆုံးအရင်မိတ်ဆက်ပေးပါအုံးခင်ဗျ။
ဖြေ။ဟုတ်ကဲ့ မင်္ဂလာပါ။ ကျွန်တော်နာမည်ပီတာလင်းပါ။
Texas ပြည်နယ်
Houston မြို့မှာ
အိမ်ခြံမြေအကျိုးဆောင်ပေးနေတဲ့သူတစ်ယောက်ပါ။
မေး။အမေရိကမှာ ပြည်နယ် ၅၀ ရှိတယ်။
ဘာလို့ Texas ကိုမှရွေးပြီး
အိမ်ခြံမြေလုပ်ငန်းလုပ်ရတာလဲ။
ဖြေ။Real
Estate လုပ်ဖို့အတွက် Texas
ပြည်နယ်ကို
ဘာကြောင့်ရွေးရသလဲဆိုတော့ အဓိက အမေရိကရဲ့ အိမ်ခြံမြေဈေးကွက်အပြောင်းအလဲကြောင့်ဖြစ်ပါတယ်။
ဒီအပြောင်းအလဲဟာ ကျွန်တော်တို့လို သာမန်ပြည်သူတစ်ယောက်အပေါ်မှာ တိုက်ရိုက်
ကြီးမားတဲ့ အကျိုးတက်ရောက်မှုတွေရှိလာလို့ဖြစ်ပါတယ်။ COVID စဖြစ်တဲ့အချိန်မှာဘဏ်အတိုးနှုန်းအရမ်းနည်းတာကြောင့်
အိမ်ဈေးတွေ ထိန်းမနိုင်သိမ်းမနိုင် မတရားထိုးတက်နေတော့ သာမန်ပြည်သူတွေအတွက်
အိမ်ဝယ်နိုင်ဖို့ အရမ်းခက်ခဲလာတယ်။ အထူးသဖြင့် နာမည်ကြီးမြို့တွေ
ပြည်နယ်တွေမှာ အိမ်ဝယ်နိုင်ဖို့ဆိုတာ မလွယ်တော့တဲ့အထိ ဖြစ်လာတယ်။
အမေရိကမှာ ပြည်နယ်အလိုက်ကြည့်လိုက်တဲ့အခါပေါ့နော် အိမ်ထောင်ဦးစီးတစ်ယောက်တည်းရဲ့ဝင်ငွေနဲ့
အိမ်ဝယ်နိုင်ပြီး တစ်မိသားစုလုံးကို ဖူလုံအောင်ထားနိုင်တဲ့
နေရာတွေတော်တော်ရှားသွားပြီ။ ဥပမာ... တစ်နိုင်ငံလုံးရဲ့
အိမ်ဈေးအကြီးဆုံးဖြစ်တဲ့ Hawaii, California, Washington, Massachusetts,
New York တို့လိုပြည်နယ်မှာဆိုရင်
အိမ်ထောင်ဦးစီးတစ်ယောက်တည်းရဲ့ဝင်ငွေ မပြောနဲ့ လင်မယား ၂ ယောက်လုံး လုပ်ရင်တောင်
အခြေခံလစာပဲရတယ်ဆိုရင် အိမ်ဝယ်ဖို့မလွယ်ကူဘူး။ အိမ်ထောင်စုတစ်စုရဲ့
ပျမ်းမျှဝင်ငွေအားဖြင့် ဥပမာ Californian မှာဆို ဒေါ်လာ ၈သောင်းဝန်းကျင်ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့
ပျမ်းမျှအိမ်ဈေးက ဒေါ်လာ ၈သိန်း ဖြစ်နေတယ်။
New York မှာလည်း
ဒီတိုင်းပဲ။ ပျမ်းမျှဝင်ငွေက ဒေါ်လာ၇၂၀၀၀ လောက်ပဲရှိတယ်။
ဒါပေမဲ့ ပျမ်းမျှအိမ်ဈေးက သူလည်း ဒေါ်လာ၈သိန်း နီးနီးရှိတယ်။
မေး။ဒါဆိုရင်
အစ်ကိုဆိုလိုတာက အမေရိက တစ်ပြည်နယ် နဲ့တစ်ပြည်နယ် အိမ်ဈေးအရမ်းကွာခြားမှုရှိတယ်ပေါ့
ဟုတ်လား။
ဖြေ။" ဟုတ်ပါတယ်။ ဒါပေမဲ့ Texas ပြည်နယ်ကိုကြည့်လိုက်တဲ့အခါ အိမ်ထောင်ဦးစီး တစ်ယောက်ရဲ့အခြေခံဝင်ငွေနဲ့တောင် ဝယ်လို့ရတဲ့ အိမ်တွေအများကြီးရှိသေးတယ်ဆိုတာကိုတွေ့ရတယ်။ လင်မယား ၂ ယောက်လုပ်ရင် ပိုပြီးသက်တောင့်သက်သာရှိတာပေါ့။ Texas ပြည်နယ်မှာ အိမ်ထောင်စုတစ်ခုရဲ့ပျမ်းမျှ ဝင်ငွေက ဒေါ်လာ ၆၇၀၀၀ ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ ပျမ်းမျှအိမ်ဈေးက ဒေါ်လာ ၂သိန်း၅သောင်းဝန်းကျင် ပဲရှိတယ်။
မေး။ ဒါဖြင့်ရင်
အိမ်ဈေးကြီးတဲ့ပြည်နယ်တွေကနေ Texas ကိုလာမပြောင်းကြဘူးလား။
ဖြေ ။လာပြောင်းကြပါတယ်။ အမေရိကမှာ Exodus
လို့ခေါ်တဲ့
အစုလိုက်အပြုံလိုက် ပြည်နယ်ပြောင်းတာတွေခုဖြစ်နေတယ်။ 2010 က နေ 2020 ဆယ်နှစ်အတွင်း လူပေါင်း 7.8
million California ပြည်နယ်ကနေ
တခြားပြည်နယ်ကိုပြောင်းသွားကြတယ်။ July 2021 နဲ့ July 2022 တစ်နှစ်အတွင်း California ကလူတွေတခြားပြည်နယ်ကိုပြောင်းသွားတာ
၂ သိန်း ကျော်ရှိတယ်။ ပြောင်းသွားတဲ့သူတွေအများဆုံးက Texas ပြည်နယ်မှာလာပြောင်းကြတာများတယ်။ ဘာကြောင့်လဲဆိုတော့ (၁) ပြည်နယ်အခွန်မဆောင်ရဘူး (၂)
စီးပွားပိုင်ရှင်တွေအတွက် အခွန်လွတ်ငြိမ်းခွင့်တွေအများကြီးပေးထားတယ်။ ဒါကြောင့် (၃) ကုမ္ပဏီကြီးတွေ Texas လာပြောင်းကြတယ်။ ဥပမာ... Tesla, HP,
Oracle, Amazon, Venture Capital, Chevron စသည်ဖြင့်ကုမ္ပဏီကြီးတွေ
တခြားပြည်နယ်ကနေ Texas ကိုလာပြောင်းကြတယ်။
Samsung လည်း 17
billion တန်စက်ရုံကြီးကို
Texas မှာခုဆောက်နေတယ်။
(၄)
ကုမ္ပဏီများတော့ အလုပ်ပေါတယ်။ အလုပ်ပေါပြီး အိမ်ဈေးလည်း သက်သာတော့
လူတိုင်း အိမ်ဝယ်ဖို့အိပ်မက် အကောင်အထည်ဖော်နိုင်ကြတယ်။ (၅) ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ Texas
ပြည်နယ်ဟာ 2050
အထိဆက်လက်
တိုးတက်အုံးမယ်လို့ ဟောကိန်းထုတ်ထားတယ်။ ဒါကြောင့် ကျွန်တော်ရဲ့
ဆောင်ပုဒ်ကလည်း ''အမေရိကမှာ ၃ နှစ်တရားဝင် အလုပ်လုပ်ရင် အိမ်ဝယ်နိုင်ရမယ် ''။
အဲဒီလို ၃ နှစ်နဲ့ဝယ်နိုင်ဖို့ဆိုတာကလည်း အခြေခံလစာနဲ့
ဝယ်လို့ရတဲ့အိမ်တွေရှိမှဖြစ်တာပါ။ ဒါဟာ Texas လိုပြည်နယ်မှာပဲဖြစ်နိုင်တယ်။
ဒါကြောင့် အိပ်မက်အကောင်အထည်ဖော်ဖို့ Texas ကိုကျွန်တော်ကိုယ်တိုင် Maryland
ပြည်နယ်ကနေ
ပြောင်းလာခဲ့တာပါ။
ဖြေ။ တစ်နေရာနဲ့တစ်နေရာမတူပါဘူး။ ခုနကပြောသွားသလိုပဲ
ဥပမာပြောရရင်ဗျာ... California ပြည်နယ်
San Francisco မြို့မှာဆို
ပျမ်းမျှအိမ်တန်ဖိုးက ဒေါ်လာ 1.3 million ရှိတယ်။ 1 square foot ကို ဒေါ်လာတစ်ထောင် ကျော်ရှိတယ်။ကျွန်တော်Texas
ပြည်နယ် Houston
မြို့မှာကျတော့
၂၀၂၃ ဆောက်ပြီးတဲ့အိမ်သစ်တွေတောင် 1 squared foot ကို ဒေါ်လာ ၂၀၀ ကျော်ပဲရှိပါတယ်။
မေး။ဒါဆိုရင် အဲဒီမှာက
အိမ်ခြံမြေအကျိုးဆောင်လုပ်တော့မယ်ဆိုရင် ပြည်နယ်အလိုက် သင်တန်းတွေတက်ရတယ်။သင်တန်းဆင်းလက်မှတ်ရမှသာအကျိုးဆောင်လုပ်ရတယ်ပြောကြတယ်ဆိုတော့
ကိုပီတာလင်းကော လက်မှတ်ရရှိထားပြီလား။
မေး။
ကိုပီတာလင်းတင်ထားတာလေးတွေတွေ့တယ် ။အိမ်ခြံမြေဗဟုသုတရစရာလေးတွေပေါ့။ အဲဒီမှာစိတ်ဝင်စားစရာတစ်ခုကနိင်ငံခြားသားတွေပေါ့
(နိုင်ငံခြားကနေ အိမ်ဝယ်လို့ရအောင်) စီစဉ်ပေးနေတယ်ဆိုတာသိရလို့
ဘယ်လိုစီစဉ်ပေးနေတာလဲ၊ဝန်ဆောင်မှုဘယ်လိုလုပ်ပေးလဲပေါ့ အဲဒါလေးပြည့်ပြည့်စုံစုံ ရှင်းပြပေးပါ။
ဖြေ။ဟုတ်ကဲ့ပါ။ ခုနကပြောသွားသလိုပဲ လိုင်စင်ရှိမှ
အိမ်တွေတရားဝင်လိုက်ပြခွင့်ရှိတယ်။ လိုင်စင်ရှိပြီး ကျွန်တော်တို့ပြည်နယ်က Realtor
Association မှာနာမည်စာရင်းဝင်မှသာ
Realtor တွေသုံးတဲ့
Supra လို့ခေါ်တဲ့
သော့ကိုရတာပါ။ အဲဒီသော့မရှိပဲ အိမ်တွေလျောက်ဝင်လို့မရပါဘူး။ နိုင်ငံခြားသားတစ်ယောက်အနေနဲ့
အိမ်ဝယ်တာကလည်းပဲ အများအားဖြင့် process ကအတူတူပါပဲ။ ဒါပေမဲ့ နိုင်ငံခြားသားအတွက်က Cash
နဲ့ဝယ်ရင်
ပိုရှင်းတာပေါ့ဗျာ။
မေး။နောက်တစ်ခုက အမေရိကားမှာအများစုက
မြန်မာပြည်မှာလို ငွေပုံပြီးအိမ်တွေကိုပေးမဝယ်ကြဘူး၊ loan နဲ့ဝယ်ကြတာများတယ်။အဲဒါလေးလည်းရှင်းပြပါအုံး
။အတိုးနှုန်းတွေကအစပေါ့။
ဖြေ။ ဟုတ်ပါတယ်။ မဝယ်ကြပါဘူး။
ငွေရှိရင်တောင်မဝယ်ကြပါဘူး။ ဒါကတော့ရှင်းပါတယ်။ ငွေကို အလုပ်ခိုင်းပြီး ဒီထက်ကြီးပွားစေချင်လို့
လုပ်တာပါ။အတိုးနှုန်းကလောလောဆယ် 6.5 %ဝန်းကျင်ရှိပါတယ်။ အတိုးနှုန်းနည်းတယ်
များတယ်ဆိုတာက ကိုယ့်ရဲ့ credit history အပေါ်မှာလည်းမူတည်ပါတယ်။
မေး။ Houston မှာအိမ်ဝယ်မဲ့ သူတွေ ကိုloan လျှောက်ပေးလား၊အဲဒါလေးကို ဥပဒေနဲ့တကွရှင်းပြပေးပါအုံး။
ဖြေ။ကျွန်တော်တို့ Texas ပြည်နယ်ရဲ့ Real
Estate Law အရလူတစ်ယောက်က
Realtor နဲ့ Loan
Officer ၂
ခုလုံးလုပ်ပိုင်ခွင့်ပေးထားတယ်။ ဒါပေမဲ့ လောလောဆယ် ကျွန်တော် loan တွေမလျှောက်ပေးဘူး။
ကျွန်တော်နဲ့တွဲလုပ်တဲ့ loan officer တွေအများကြီးရှိတယ်။ မြန်မာ loan officer လည်းရှိတယ်။
သူတို့ကိုပဲတာဝန်လွဲပေးလိုက်တယ်။ Loan officer ကနေ စာရွက်စာတမ်းတွေလုပ်ပေးပြီး Pre-Approval
Letter ရမှ ကျွန်တော်ဆီပြန်လာကြတယ်။
အဲဒီအချိန်မှာမှ အိမ်ဘယ်လောက်တန်အတွက် ဘဏ်က approve လုပ်သလဲဆိုတဲ့အပေါ်မူတည်ပြီး ကျွန်တော်
အိမ်စရှာပေးပါတယ်။
မေး။ နိုင်ငံခြားသားတွေအနေနဲ့ အမေရိကမှာ ဘာကြောင့်အိမ်ဝယ်သင့်သလဲ၊ ဘာအာမခံချက်တွေပေးနိုင်သလဲ။
ဖြေ။အဓိကတော့
အာမခံမှုရှိတယ်။ ဘာ/ပဲပြောပြော အမေရိကဟာ နိုင်ငံရေး၊ စီးပွားရေးအရ
တည်ငြိမ်နေတဲ့နိုင်ငံဖြစ်တယ်။ ဥပဒေစိုးမိုးတဲ့နိုင်ငံဖြစ်နတယ်။ ဒီထက်အရေးကြီးတာက Real
Estate ဟာ
ဥပဒေဘောင်အတွင်းကလုပ်ရတဲ့အတွက် အင်မတန်စိတ်ချရပါတယ်။
မေး။ Real Estate မှာဘာအခက်အခဲတွေရှိသလဲ။
ဖြေ။Real
Estate လုပ်တာကျတော့ Independent
Contractor ဆိုတော့
ကုမ္ပဏီမှာ အလုပ်သမားလိုမဟုတ်ဘူးပေါ့နော်။ အကုန်လုံးလိုလို ကိုယ့်ဘာသာကိုယ်
လေ့လာရတယ်။ အထူးသဖြင့် negotiate လုပ်ရတယ်။
ကိုယ်တွေ ကျောင်းပညာသင်တယ်ဆိုတာ negotiation skill တွေမသင်ခဲ့ရဘူးလေ။ Real
Estate လုပ်တဲ့အခါတော့
Negotiation skill ကမရှိမဖြစ်လိုလာတော့
ကိုယ်တိုင်စာအုပ်တွေဖတ် လေ့လာဘာညာလုပ်ရတာတော့ရှိတာပေါ့။ အခက်အခဲလို့တော့
မပြောချင်ပါဘူး။ Profession တိုင်းလိုလို
သူမှာလည်း အခက်အခဲဆိုတာရှိပါတယ်။
ကျေးဇူးတင်ပါတယ်။