အိမ်ဖြူတော်ထပ်နှစ်ဆကြီးတဲ့
Ball Room တည်ဆောက်ဖို့လုပ်နေတဲ့
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်
အချိန်တိုအတွင်းကြီးမားတဲ့အပြောင်းအလဲတွေလုပ်တတ်တဲ့
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာဆိုရင် နိုင်ငံရဲ့အကြီးမားဆုံးပြယုဒ်ဖြစ်တဲ့
အိမ်ဖြူတော်ကိုပြန်လည်ပြုပြင်မှုတွေပြုလုပ်နေပြီဘဲဖြစ်ပါတယ်။
ယခုပြန်လည်ပြုပြင်ရေးလုပ်ငန်းစဥ်မှာ
အိမ်ဖြူတော်အရှေ့ဘက်အဆောက်အအုံတွင် သမ္မတထရမ့် ဆန္ဒရှိနေတဲ့ ball room တစ်ခုချဲ့ထွင်တည်ဆောက်ဖို့အဓိကပြုပြင်တာြဖစ်ပြီး
အခြားနေရာလေးခုတွင်လည်းအသေးစားပြုပြင်မှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။
ယခင်က
သမ္မတကတော်နေထိုင်ရာအဆောက်အအုံအဖြစ်အသုံးပြုခဲ့တဲ့
အရှေ့ဘက်အဆောက်အအုံကိုဖြိုချပြီး
sqft 90000 အကျယ်ရှိတဲ့
Ball Room တခုတည်ဆောက်သွားဖို့ပြုလုပ်နေတာဖြစ်ပြီးတည်ဆောက်ရေးလုပ်ငန်းစဥ်တွေကိုတော့အောက်တိုဘာလ
၂၀ရက်နေ့ကတည်းကစတင်လုပ်ဆောင်နေပြီဘဲဖြစ်ပါတယ်။
ဒီအကျယ်အဝန်းဟာ
လက်ရှိအိမ်ဖြူတော်အဆောက်အဦ
အကျယ်အဝန်းထပ် ထက်ဝက်နီးပါးပိုကျယ်တာြဖစ်ပြီး
စုစုပေါင်းကုန်ကျစရိတ်အနေနဲ့ကန်ဒေါ်လာသန်း၂၀၀ဝန်းကျင်အထိကုန်ကျနိုင်မယ်လို့လည်းသိရပါတယ်။
ယခုပြုပြင်မှုဟာ ကိုယ်ပိုင်ထောက်ပံကြေးနဲ့သီးသန့်လှူဒါန်းမှုတို့ဖြင့်ဆောင်ရွက်မှာြဖစ်ပြီး
ပြည်သူ့အခွန်နဲ့နိုင်ငံခြားထောက်ပံမှုတို့ကိုလုံးဝအသုံးပြုမှာမဟုတ်ကြောင်း
သမ္မတထရမ့်ကပြောကြားခဲ့ပါသေးတယ်။
Grand Ball Room တည်ဆောက်မှုအပြင် ဘဲဥပုံရုံးခန်းတွင်လည်းအပြောင်းအလဲတချို့ကိုပြုလုပ်ခဲ့တာြဖစ်ပြီး
နံရံကပ်ဓာတ်ပုံများကိုရွှေရောင်ဘောင်ခက်ခြင်းနှင့်
အခန်းတွင်းအပြင်အဆင်တချို့ကိုရွှေရောင်အဖြစ်ပြောင်းလဲခြင်းတို့ကိုပြုလုပ်ခဲ့တာဘဲဖြစ်ပါတယ်။
ဒါ့အပြင်
အစည်းအဝေးခန်းမအတွင်းအလံတိုင်များတိုးချဲ့ခြင်း၊
အိမ်တော်အနောက်ဘက်စင်္ကြန်လျှောက်လမ်းတလျှောက်သမ္မတဓာတ်ပုံဘောင်များကိုရွှေကွပ်ခြင်းနှင့်
နှင်းဆီဥယျာဥ်တွင်မြက်ခင်းအစား ကျောက်သားကြမ်းခင်းများခင်းပြီး
အပန်းဖြေထီးနှင့်ထိုင်ခုံများအစားထိုးခြင်းတို့ကိုလည်းပြုလုပ်ခဲ့တယ်လို့
New Yorks Time ရဲ့ဖော်ပြချက်အရသိရပါတယ်။