Home  / News  / News Details

新闻详情

ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို အပြောင်းအလဲဖြစ်စေမည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ဧပြီလတွင် အသစ်ပြဌာန်းရန်ရှိနေ

Mar 10, 2024  /

ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို အပြောင်းအလဲဖြစ်စေမည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ဧပြီလတွင် အသစ်ပြဌာန်းရန်ရှိနေ

မတ်လ (၉)ရက်။

Myanmar Property Dealer

လာမည့် ဧပြီလတွင် ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို အပြောင်းအလဲဖြစ်စေမည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို အသစ်ပြဌာန်းပေးဖို့ရှိနေပါတယ်။

ဒါ့အပြင် ယခုဘဏ္ဍာနှစ်အတွက် တန်ဖိုးသတ်မှတ်ပေးဖို့ မတ်လ ၁၅ ရက် နောက်ဆုံးထားပြီး တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ထံ လျှောက်လွှာတွေ တင်ပြရဖို့ လည်းရှိနေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်နေတာကြောင့် ရင်းနှီးမြှုပ်နှံလိုသူအချို့က အိမ်ခြံမြေဘက်ကိုလှည့်လာတာဖြစ်တယ်လို့ဆိုပါတယ်။

" တချို့က လက်ထဲငွေမကိုင်ထားချင်တော့ အိမ်ခြံမြေဘက်ကိုလှည့်လာကြတာ။ အထူးသဖြင့်မြေကွက်တွေဘက်ပေါ့။ မြေကွက်တွေတော့ ဒီရက်ပိုင်းအရောင်းအဝယ်ဖြစ်နေတယ်"ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင်လတ်တလောအိမ်ခြံဈေးကွက်ကလည်း လှုပ်လှုပ်ခတ်ခတ်ရှိလာတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်ကနေစုံစမ်းသိရှိရပါတယ်။